🍄🍄🍄Part (21)

606 24 4
                                    

🍹🍹🍹
"မ... ဒါလေးကောင်းတယ်... စားကြည့်..."

"အပိုလုပ်မနေနဲ့ ... ငါ့ဘာသာငါ စားတတ်တယ်..."

"မကလည်း..."

"ကလေးသုံးယောက်အဖေက အဖေလိုနေ ကလေးဆန်မနေနဲ့... အမြင်ကတ်ဖို့ကောင်းတယ်..."

"မကို ချစ်လို့လေ..."

"ဘာ..."

သဇင့်မျက်နှာမှာ နှင်းဆီနီလို ရဲကနဲဖြစ်သွားတော့သည်။ သူကတော့ အရှက်မရှိ လူကြားအောင် တမင်ပြောလိုက်သလားအောက်မေ့ရသည်။ တချို့ဆို သူမကို သိသိသာသာ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။ သဇင့်ရှက်နေတာကိုတောင် သိရက်နဲ့ ပြုံးပြပြီး မျက်နှာပြောင်တိုက်နေတာက ပိတ်ရိုက်ချင်စရာ။ လူကြားထဲမို့ သည်းခံနေတာမှတ်။

"ကိုကြီး... "

သူတို့ စားပွဲဝိုင်းမှာ ရပ်ပြီး ခေါ်လိုက်သံကြောင့် ဉာဏ်ထက်သော်ရော မြတ်ပန်းသဇင်ရော ထိုမိန်းကလေးကို လှည့်ကြည့်မိသည်။ မရဲ့ သံသယဝင်တဲ့ မျက်လုံးနဲ့ အကြည့်ခံလိုက်ရတာကြောင့် ဉာဏ်ထက်သော် ပြာယာခတ်သွားတာအမှန်။

"ဘယ်သူလဲ... ဇယားတွေရှုပ်နေတာလား..."

"မဟုတ်ဘူး... မ..."

"ကိုကြီးကလည်း စိမ်းကားလိုက်တာ..."

မက ဘာသဘောလဲ ဆိုသည့် အဓိပ္ပာယ်နဲ့ မေးဆတ်ပြတာမို့ ဉာဏ် ဟိုငတိမကို ကိုင်ပေါက်ချင်စိတ်ပေါ်လာသည်။ ခုမှပြေလည်မှုရခါနီးကို ဝင်မွှေနေတာ။

"မင်းနဲ့ငါ ဘာပတ်သက်မှုမှ မရှိလို့ ငါ့ကို အဲ့လို လာမခေါ်နဲ့လို့ ဘယ်နှခါပြောရမလဲ..."

"မဟုတ်ဘူး... လမင်းက ကိုကြီးကို..."

"မခေါ်နဲ့... ငါ့မိန်းမ အထင်လွှဲစေတဲ့ ကိစ္စမျိုးအဖြစ်မခံဘူး..."

မောင့်ကို သနားစဖွယ်မျက်နှာလုပ်ပြနေပြီး သဇင့်ဘက်လှည့်ကာ မျက်စောင်းထိုးသည့်မို့ ထိုကောင်မလေးကို ကြည့်ပြီး သဇင်အံ့ဩနေမိသည်။ ပလိန်းကြီးပါလား။

"မ... သူက မောင့်သူငယ်ချင်း ဖြူကြိုးနွယ်ရဲ့ ဝမ်းကွဲ လမင်းဖြူ "

"အစ်မကြီးက..."

အော် လူကို အစ်မကြီးလို့ ခေါ်လိုက်တာမို့ သဇင်ပညာပြချင်စိတ်ကို ဖိတ်ခေါ်ပေးလိုက်သလိုပင်။

ရင်ထဲက နေရာ(OC)Where stories live. Discover now