🪻🪻🪻Part(2)

551 15 0
                                    

🌷🌷🌷
"တီချယ်က အရမ်းချေတယ်ဟ... ငါ့အစ်ကိုနဲ့ တစ်နှစ်တည်းတက်ခဲ့တာတဲ့။ တီချယ်တို့ တစ်ဖွဲ့လုံးက အချေတွေချည်းတဲ့။ ရည်းစားစကားပြောတဲ့သူကို ချက်ချင်းပဲ ငါ့မိဘတွေရှေ့မှာသွားပြောနိုင်ရင် စဉ်းစားမယ်က ရှိသေး"

"အင်း... တီချယ့်အိမ်က တီချယ့်ကို အိမ်ထောင်ချပေးဖို့ လုပ်နေတယ်ဆိုလား ငါ့အမေက တီချယ့်အမေနဲ့ ခင်လို့သိတာ"

"ဟုတ်လို့လား... ဟို လေယာဉ်မှူးလေး သနားပါတယ် တီချယ့်ကို လိုက်နေတာ ခုထိ ဘာမှမထူးခြားဘူး"

"ဒါပေမဲ့ ငါတို့ တီချယ်က ဘူးဆိုဖရုံသီးတဲ့အမျိုးတဲ့ အိမ်ကလူတွေကို အပျိုကြီးလုပ်မယ်ဆိုပြီး အသေငြင်းတာတဲ့ "

"မသေဘူး အသက်ရှင်နေလို့ နင့်ကို စာမေးသွားသေးတယ်မလား"

"သဘောပြောတာ"

ဉာဏ်ထက်သော် ကြားနေရသည့် စကားတွေကြောင့် သူ့မှာ အချိန်သိပ်မရှိတော့ကြောင်း သိလိုက်သည်။ ကျစ် သူတို့သမီးကျ သိပ်စိုးရိမ်နေတာပဲ။ သူတို့ကြောင့် သူများဘဝတစ်ခုလုံး နစ်နာသွားတာတော့ ထည့်မတွက်ကြဘူး။ ထွက်လာပါပြီ ဆံပင်ခါးလောက်ရှည်ပြီး... ရင်ဖုံးအင်္ကျီအပြာရောင်လွင်လွင်လေးနဲ့ လှနေတဲ့တီချယ် မြတ်ပန်းသဇင်။ ကားထားတဲ့ဘက် လျှောက်လာတာမို့ သူနဲ့ တဖြည်းဖြည်းနီးလာသည်။ သူလည်း သူမကို အပြုံးလေးနဲ့ စီးကြိုလိုက်သည်။

"တီချယ်... "

သဇင်မှာ သူမကိုပြုံးပြပြီး နာမည်ခေါ်ကာ ‌လက်ဆောင်အိတ်ကမ်းပေးလာတဲ့ ကောင်လေးကြောင့် ကြောင်သွားရသည်။ ကျောင်းဆင်းချိန်မို့ ကျောင်းသားတွေ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတာမို့ သူမရှက်လာပြီး ပြောမိပြေရာပြောလိုက်သည်။

"ဉာဏ်ထက်သော် .... မင်း ငါ့သိက္ခာကို ငဲ့ပေးပါ"

ထိုကောင်လေးရဲ့ မျက်နှာကွက်ခနဲ ပျက်သွားတာသေချာမြင်လိုက်တော့ အားနာမိသွားသည်။

"Sorry ကျွန်တော် တီချယ့်ကို ပေးချင်ဇောနဲ့ လောသွားတာ တီချယ်မကြိုက်ရင် မလာတော့ပါဘူး... ဒါလေးတော့ လက်ခံပေးပါ တီချယ့်ကို အဝေးကနေပဲ ကြည့်ပါ့မယ်"

ရင်ထဲက နေရာ(OC)Where stories live. Discover now