part40

288 14 5
                                    

        ဘားတစ်ခုထဲက မှောင်ရိပ်ကျနေသော နေရာတွင် ဝီစကီတစ်ခွက်ကို ကိုင်ကာ ထိုင်နေသည်။ဘေးဝိုင်းသို့ ရောက်လာသော ဘီးကျဲတစ်ပွေနှင့် စော်လေးကို တစ်ချက်လှမ်းရှိုးလိုက်သည်။ဘီးကျဲက နာမည်ကြီး အလောင်းကစားရုံပိုင်ရှင် ဦးနိုင်ဆိုသူဖြစ်ပြီး ဘေးကစော်လေးကိုတော့ ဘယ်သူမှန်းသေချာမသိ။ပိုက်ဆံအနံ့ရလို့ ကပ်ဖားနေသည့် စော်လေးများကို အာရုံထဲ မထည့်နိုင်။

"ဦး..."

         ရုံးပတီးသီး အတောင့်လိုက် မြိုချထားသော ချွဲပြစ်နေသည့်အသံ။နားထဲ ကန့်လန့်ဝင်လာသည်။ဝီစကီကို တစ်ခွက်လုံးမော့လိုက်ပြီး စားပွဲပေါ် ကြမ်းတမ်းစွာ ပြန်ချထားလိုက်သည်။

"ငယ်BMWတစ်စီးလောက်လိုချင်တယ်"

"ငယ်လိုချင်ရင်ရစေရမှာပေါ့"

"ဦးအိမ်ကဘွားတော်ကြီးကရောပွစိပွစိလုပ်နေသေးလား"

"အဘွားကြီးကိုခေါက်ထားလိုက်စမ်းပါ။ဦးနဲ့ငယ်နှစ်ယောက်တည်းရှိတဲ့အချိန်မှာပျော်ပျော်လေးနေရအောင်"

'တောက်ခ်'

          စားပွဲပေါ်က ဓားမြှောင်ကို ကြည့်ပြီး တောက်ခ်‌ ခေါက်လိုက်သည်။

"ဒီဘဲကြီးသေချင်နေပြီ"

        တိုးတိုးလေး ရေရွတ်လိုက်သော စကားက တစ်ယောက်တည်း ကြားရုံသာ။

***********************************

        တာယာတစ်ယောက် မဟာအခန်းထဲ ဝင်လာသည်။မဟာက အခန်းထဲတွင်မရှိ။ရေချိုးခန်းတံခါးက ပွင့်နေတော့ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။ရေချိုးခန်းက ဘေစင်တွင် လက်ဆေးနေသော မဟာ။ညီစို့စို့ သွေးညီနံ့က မဟာဆီမှ ရနေသည်။

"‌သွေးညီနံ့ရတယ်နော်"

          တာယာက ပြောလိုက်တော့ မဟာက တာယာကို ပြန်ကြည့်ပြီး

"ဘာအနံ့မှမရပါဘူး"

          မဟာက လက်ကို ဆေးကြောပြီးနောက်  ‌တာယာကို စေ့စေ့ကြည့်ပြီး

"ဘာကိစ္စလဲတာယာ"

           တာယာက ခေါင်းကုတ်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့်

Rewrite the star (Complete)Where stories live. Discover now