part38

311 21 11
                                    

        မျက်လုံးနှစ်လုံး ပွင့်လာချိန် ဂိုဒေါင်ပျက်ကြီးတစ်ခုထဲ ရောက်နေသည်။ခုံတစ်ခုတွင် ခြေလက်များကို ကြိုးတုပ်ထားပြီး လက်တွင် ဆေးပိုက်တစ်ခုတပ်ထားသည်။ပြန်နိုးထလာချိန်တွင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ခေါင်းတစ်ခုလုံးလည်း မူးဝေနေသဖြင့် နားထင်ကို လက်ဖြင့် ဖိကာ ငြိမ်နေရသည်။အမြင်အာရုံများလည်း ဝေဝါးနေရသည်။နားထဲတွင်လည်း တစ်ခုခုကို ခေါက်နေသလို 'တောက် တောက်' အသံကြားနေရသည်။

          ငါဘယ်နေရာရောက်နေတာလဲ..

"ဆေးအရှိန်ပြယ်သွားပြီထင်တယ်"

         ကောင်လေးတစ်ယောက်၏ အသံကို ကြားရသည်။ဝေဝေဝါးဝါးအမြင် အာရုံထဲ သူနှင့် အသက်မတိမ်းမယိမ်းလောက်ရှိမည့် ကောင်လေးတစ်ယောက်ကို မြင်နေရသည်။ထို့နောက် မိန်းကလေးတစ်ယောက် ရောက်လာပြီး

"နိုးလာပြီလား"

          အမြင်အာရုံများကြည်လာသည်အထိ မျက်လုံးကို တင်းတင်းမှိတ်ထားလိုက်သည်။ခနကြာတော့ မျက်လုံးပြန်ဖွင့်လိုက်သည်။တဖြည်းဖြည်းကြည်လင်လာသော အမြင်အာရုံထဲတွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် သူ့အရှေ့တွင် ရပ်နေကာ သူ့ကို ကြည့်နေကြသည်။

"ခင်ဗျားတို့ဘယ်သူတွေလဲ"

"ဗီးနပ်စ်...မာကျူရီ"

         ကောင်မလေးက သူ့ကိုယ်သူ 'ဗီးနပ်စ်' ဟုမိတ်ဆက်ပေးကာ ကောင်လေးကတော့ 'မာကျူရီ' ဟု မိတ်ဆက်ပေးသည်။ထူးခြားစွာ မြင်လိုက်ရသည့် အရာက ထိုနှစ်ယောက်စလုံး၏ လည်ပင်းက ခုနစ်စဉ်ကြယ်တက်တူးပင် ဖြစ်သည်။၎င်းတက်တူးက အတ္တတွင်လည်းရှိသည်။အတ္တပြောပြခဲ့သည့် အတိုင်းဆိုရင် ၎င်းတက်တူးက အတ္တတို့အဖွဲ့က လူတိုင်းတွင် ရှိသည်။သို့သော်မတူတာက ဗီးနပ်စ်လက်မောင်းတွင် သက်ေတ တက်တူးတစ်ခုရှိပြီး မာကျူရီ လက်ဖျံတွင် သက်ေတ တက်တူးတစ်ခုရှိသည်။

          ဒါဆိုသူတို့ကအတ္တတို့အဖွဲ့ကလား..

"ဘာလို့ကျွန်တော့်ကိုဖမ်းထားတာလဲ..လွှတ်ပေး!"

"မင်းကမင်းဒယ်ဒီကိုဖမ်းဖို့ငါးစာလေးလေ..လွှတ်ပေးလို့ဘယ်ဖြစ်မလဲ"

Rewrite the star (Complete)Where stories live. Discover now