part28

251 11 6
                                    

'ဟွတ် ဟွတ်'

          ချောင်းအဆက်မပြတ်ဆိုးသံများ။တရွတ်ရွတ်နှင့် နှာညစ်သံများ။

'ဟတ်ချိုး'

          ကျော်လေးတစ်ယောက် အအေးမိပြီး အိပ်ရာထဲလဲနေရသည်။ဂွမ်းစောင်အထူကြီး နှစ်ထည်ကို ခြုံထားပြီး အိပ်ရာထဲကွေးနေရသည်။မနေ့က အကျီကျွတ်ကြီးနှင့် ဝရန်တာအပြင် ထွက်ရပ်ခဲ့မိသည့်အတွက် အေးမိခြင်းဖြစ်သည်။
      ကျော်လေး အအေးမိနေသည့်အတွက် အတ္တလည်း မနားရပေ။တစ်နေ့လုံး ဆေးတိုက်လိုက်၊ဆန်ပြုတ်ပြုတ်ပေးလိုက်နှင့် မအားရ။အိမ်သန့်ရှင်းရေးကိုလည်း အတ္တလုပ်ရသည်။ပုံထားသော တစ်ပတ်စာ အဝတ်များကိုလည်း အတ္တသာ လျှော်ပေးရသည်။
     
'ဂွီ ~ဂွီ'

        ဗိုက်ဆာလိုက်တာ..

       ညသန်းခေါင်ကြီး ဗိုက်ထဆာနေပြန်သည်။ခေါက်ဆွဲပြုတ်စားချင်စိတ်ဖြစ်နေသဖြင့် မီးဖိုချောင်ဆီထွက်လာလိုက်ရသည်။အတ္တကတော့ ဝရန်တာတွင် ဖုန်းပြောနေသည်။အပေါ်ပိုင်း ဗလာနှင့် အောက်က‌ဂျင်းပွတစ်ထည်ကို ဝတ်ထားသော အတ္တ၏ ကျောပြင်ကျယ်ကြီးမှာ ငေးမောချင်စရာပင်။
      အတ္တက နေ့တိုင်းအလိုလို အလုပ်ကိစ္စဖုန်းပြောတတ်သည်။အတ္တ၏ အလုပ်ထိ ဝင်မစပ်စုဖြစ်သော်လည်း အတ္တ၏ အလုပ်ကအလွန်အရေးကြီးပုံရသည်။တစ်ခါတစ်လေ အတ္တ ပြုံးရယ်နေတာ မြင်ရတော့လည်း သူပါလိုက်ပြုံးမိသည်။
        တစ်ခါတစ်လေကျတော့လည်း အတ္တက ဒေါသထွက်နေပြန်ပါသည်။အခုတစ်ခါတော့ အတ္တက ပျော်နေပုံရသည်။ပြုံးလိုက်တိုင်း ပေါ်လာသည့် ပါးချိုင့်လေးနှစ်ဖက်က နမ်းရှုတ်ချင်စရာ။မီးဖိုချောင်ထဲက ပန်းကန်အသံကြားတော့ အတ္တက သူ့ကိုလှည့်ကြည့်လားသည်။'ဘာလိုလဲ'ဟူသည့် သဘောဖြင့် မေးငေါ့ပြတော့ သူခေါင်းခါပြလိုက်သည်။

"အင်း..နောက်မှပြန်ဆက်လိုက်မယ်"

        အတ္တက ဖုန်းချလိုက်ပြီး သူ့အနား ရောက်လာသည်။သူနဖူးကို လက်ဖမိုးလေးနှင့် အသာအယာ စမ်းလိုက်သည်။

"umm~ကိုယ်အပူကျသွားပြီပဲ"

"ကိုကိုခေါက်ဆွဲပြုတ်စားချင်တယ်"

Rewrite the star (Complete)حيث تعيش القصص. اكتشف الآن