part21🚨

418 14 3
                                    

Warming!!!!

       အတ္တက သူ့လက်ကို အလွတ်မ‌ေပးဘဲ တောက်လျှောက် ဆုပ်ကိုင်ထားသည်။အတ္တ တည်းခိုနေသော ဟိုတယ်အခန်းထဲ ရောက်သည်အထိ လက်တွဲမဖြုတ်။အခန်းထဲရောက်တော့ အခန်းတံခါး ပိတ်လိုက်ပြီးနောက် အတ္တက သူ့ကိုတင်းကျပ်စွာ လှည့်ဖက်လိုက်သည်။ခန္ဓာကိုယ်‌ေသး‌ေသး‌ေလးက အတ္တ ရင်ခွင်အကျယ်ကြီးထဲ နှစ်မြုပ်သွားသည်။အတ္တက နှုတ်မှလည်း တောင်းပန်စကားကို အလီလီပြောနေသည်။

"‌ငါတောင်းပန်ပါတယ်။မင်းကိုငါချက်ချင်းမမှတ်မိခဲ့လို့ငါတောင်းပန်ပါတယ်ကွာ"

       အတ္တကို ပြန်ပွေ့ဖက်ပေးလိုက်ပြီး

"ငါကသာတောင်းပန်ရမှာ..မင်းကိုချစ်နေရက်နဲ့အဲနေ့ကငါလိမ်ခဲ့မိတယ်။မင်းကိုစိတ်ဒဏ်ရာပေးခဲ့မိတယ်"

           သူ့မျက်နှာက အတ္တ ရင်ခွင်နှင့်တည့်တည့်ဖြစ်နေတော့ နားကို အတ္တ ရင်ဘတ်အနားပိုကပ်လိုက်ပြီး တဒိန်းဒိန်းခုန်နေသော နှလုံးသားခုန်ကို လိုက်နားထောင်မိနေသည်။အတ္တ နှလုံးခုန်သံ မြန်လွန်းနေသည်။အတ္တပျော်နေသလို စိတ်လှုပ်ရှားနေပုံရသည်။ကိုယ်ငွေ့နွေးနွေးက heater မဖွင့်ထားသောအခန်းထဲတွင် သူ့ကိုနွေးထွေးစေခဲ့သည်။အတ္တခန္ဓာကိုယ်ကို ဖက်ဖြဲဖက်ထားလျက် သူ့စိတ်ထဲ တဖွဖွပြောနေမိတာက

        ငါတို့ဘယ်ရထားမှာပဲ လွဲခဲ့လွဲခဲ့ မှီတဲ့ရထားက‌နေ ငါ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်..ငါသိပ်ချစ်ရတဲ့တနဂ်နွေနာမ်လေးရယ်..ကျေးဇူတင်ပါတယ်

       မျက်ဝန်းတွင် မျက်ရည်များ ပြည့်အိုင်လာသည်။ဝမ်းသာမျက်ရည်များက ကျလို့မကုန်နိုင်အောင် များပြားနေသည်။အတ္တက ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။သူ့မျက်ဝန်းတွင် မျက်ရည်များပြည့်နေသည်ကို မြင်တော့ အတ္တ၏ အကြည့်တို့သည် စိုးရိမ်သည့် အကြည့်များအဖြစ်ပြောင်းလဲသွားသည်။

"ဘာဖြစ်လို့ငိုနေတာလဲဗျာ"

"ပျော်လွန်းလို့"

       အတ္တက မျက်ခုံးပေါ်ဝဲကျနေသော ဆံနွယ်ကောက်ကောက်လေးတွေကို နဖူအပေါ် သပ်တင်ပေးလိုက်ပြီး နဖူးအပေါ် အနမ်းလေးတစ်ပွင့်ခြွေလိုက်သည်။

Rewrite the star (Complete)Where stories live. Discover now