part29

182 8 1
                                    

"မောင်ငါ့ကိုမစွန့်ပစ်လိုက်ပါနဲ့"

"ငါလေ..ငါဘယ်လိုပုံစံမျိုးနဲ့ပဲနေရပါစေမောင့်အနားမှာပဲနေချင်တယ်"

"မောင်ငါတောင်းပန်ပါတယ်..ငါမှားသွားပါတယ်"

"မောင်ထွက်မသွားပါနဲ့နော်"

"မောင်ငါရှိခိုးပြီးတောင်းပန်ပါတယ်"

       မဟာတစ်ယောက် ဒူးထောက် လက်အုပ်ချီပြီး အတ္တကို တောင်းပန်နေသည်။အခြေအနေတွေက ရုတ်တရက်ကြီး ပြောင်းလဲသွားသည်။‌ေမာင့်မျက်လုံးက အေးစက်နီရဲနေသည်။သူ့ကိုသာ စူးစိုက်ကြည့်နေပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။သူသွေးရူးသွေးတန်းနှင့် တောင်းပန်နေရရှာသည်။နောက်ဆုံးတော့ သူ ကြောက်ရွံနေခဲ့သည့် နေ့ကြီးသည် စောစီးစွာ ရောက်ရှိလာလေပြီ။
        မောင်က ကျော်လေးမဟုတ်တာကို သိသွားပြီး သူ့ကို စွန့်ပစ်တော့မည်။ မျက်ဝန်းထဲ မျက်ရည်များအိုင်နေပြီး ပါးပြင်တစ်လျှောက် တာကျိုးသလို စီးကျလားသည်။အရူးတစ်ယောက်နှယ် တောင်းပန်နေပြီး မောင်ကတော့ ဘာမှပြန်မပြောသေး။

"မင်းငါနဲ့အတူနေချင်သေးလား"

          မောင့်အသံက အေးစက်ပြတ်သားနေသည်။မောင်က သူ့ကို အကြည့်မပြတ်ဘဲ ကြည့်နေသည်။

"ငါဘယ်လိုပဲနေရမောင်ဘေးနားမှာရှိရရင်ကိုကျေနပ်ပါတယ်"

        မောင်က သက်ပြင်းချလိုက်ပြီး မျက်နှာကျက်ကို မော့ကြည့်သည်။

"ကောင်းပြီ!ကျွန်တစ်ယောက်လိုနေ.."

        မောင်က သူ့ကို အေးစက်စက်ကြည့်လာသည်။သူ့ကို မသတီသလို လှောင်ပြုံးကြီးနှင့် ကြည့်လာသည်။နာကျင်ရပါသည်။မောင့်အကြည့်တွေ။မောင်ရဲ့ရက်စက်‌တဲ့စကားလုံးတွေ။မောင်ဆိုသည့် ဖြစ်တည်မှုကိုက ‌ဆူးတစ်ချောင်းနှင့်တူသည်။ဖမ်းဆုပ်ဖို့ကြိုးစားလေ လက်ထဲ ပိုနစ်ဝင်ပြီး သွေးစိမ်းရှင်ရှင်ထွက်ကာ နာကျင်ရလေ။‌မောင် အရင်က အထင်မှားပြီး ပေးခဲ့ဖူး‌သည့် မေတ္တာအတုအယောင်များအပေါ် သာယာခဲ့ဖူးသည်။
     'ကျော်လေး' ဟုထင်မှတ်ပြီး သူ့ကိုတွဲခဲ့သည့် မောင်က အတိတ်တွင် ကြင်နာမှု တစ်စွန်းတစ်စကို ပေးခဲ့ရှာသည်။သို့သော် သူသာ‌ 'ကျော်လေး' မဟုတ်ရင် ပျက်စီးသွားမည့် အတုအယောင် ကြင်နာမှုမျိုးသာ။အတုအယောင်တွေအပေါ် အဟုတ်ထင်ပြီး ပျော်ခဲ့ဖူးသည်။မောင်တကယ် သူ့ကို ချစ်လာပြီဟု ထင်မှတ်ခဲ့ဖူးသည်။စိတ်ကူးများနှင့် ရူးခဲ့ရဖူးသည်။သို့သော် အခုမောင့်စကားတွေက သူ့နှလုံးသားကို ဓားနှင့် လာမွှန်းနေသည်။
       ‌နာကျင်သော်လည်း နာကျင်မှုကို ဆက်ဖက်တွယ်ပစ်လိုက်သည်။မောင်ဖြစ်နေခြင်းကြောင့်ပင်။

Rewrite the star (Complete)Tahanan ng mga kuwento. Tumuklas ngayon