part41

464 14 4
                                    

          အတ္တတို့ခြံဘေးက ဆောက်လက်စ တိုက်ထဲ ရောက်လာသည်။တိုက်အပေါ်တက်သွားတော့ ပြတင်းပေါက်ကနေ အတ္တတို့ ခြံထဲကို ရပ်ကြည့်နေသည့် လူတစ်ယောက်ကို တွေ့ရသည်။

"ဘယ်လိုဖြစ်သွားပြီလဲ"

"ဘာမှမလုပ်ရသေးပါဘူးအစ်ကိုလေး"

        ပြတင်းပေါက်ကနေ အတ္တတို့ခြံထဲကို လှမ်းကြည့်လိုက်တော့ အားလုံးက သာသာယာယာ။ကျော်လေးက ခွေးလေးနှင့် ခြံတံခါးအနီးတွင် ဆော့နေပြီး အတ္တက ခြံတံခါးအနီးက စားပွဲဝိုင်းလေးက ထိုင်ခုံတွင် ထိုင်နေသည်။စားပွဲဝိုင်းပေါ်တွင် ဓားမြှောင်တစ်လက်ရှိပြီး အတ္တက စာရင်းများကို ကြည့်နေသည်။

"စောက်သုံးမကျလိုက်တာ.."

‌        တစ်ယောက်တည်း ရေရွတ်လိုက်မိပြီး ဘေးကလူကို ဖုန်းတစ်လုံးပစ်ပေးလိုက်သည်။

"ဖုန်းဆက်ပြီးပြောခိုင်းတဲ့အတိုင်းပြောလိုက်"

"ဟုတ်ကဲ့ပါအစ်ကိုလေး"

        ကိုယ်တိုင်ကလည်း ဖုန်းတစ်လုံးနှင့် လုပ်ရမည့် အလုပ်များကို လုပ်နေသည်။
ခြံထဲတွင် ကျော်လေးတစ်ယောက် အီးတီလေးနှင့် ပြေးလွှားဆော့ကစားနေသည်။

"အီးတီနော်..ပါးပါးမိရင်အာဘွားချည်းပေးတော့မှာ"

         အတ္တကတော့ ကျော်လေးတို့နှင့် မလှမ်းမကမ်းတွင် ထိုင်ပြီး စာရင်းလုပ်နေသည်။အခုချိန်ဆို ဦးသူရိန်အောင်လည်း အတော်လေး အထိနာနေပြီဖြစ်သည်။Golden life ကုမ္ပဏီတောင် ဒေဝါလီခံရလုနီးပါးဖြစ်နေပြီဖြစ်သည်။လက်စားချေတာ မကြာမှီအောင်မြင်တော့မည် ဖြစ်သဖြင့် အတ္တတစ်ယောက် ပျော်ရွှင်နေသည်။
        ထိုပျော်ရွှင်မှုသည် စက္ကန့်ပိုင်းလေးအတွင်း ပျောက်ဆုံးသွားမည်ဆိုတာကို ကြိုသိခဲ့ပါရင်...

'တီ'

        ကျော်လေးဖုန်းထဲ မက်ဆေ့ခ်ျတစ်စောင်ဝင်လာသည်။တစ်ပြိုင်တည်းမှာပင် အတ္တထံ ဖုန်းတစ်လုံး ဝင်လာခဲ့သည်။အတ္တက ဖုန်းကိုကိုင်လိုက်ချိန်

"ဟယ်လို"

"အ‌တ္တဥယျာဉ်မောင်..ခင်ဗျားအခုကောင်းကင်အလက်ာမှူးသတ်တာခံလိုက်ပါ။မဟုတ်ရင်ကျွန်တော်တို့ခင်ဗျားရဲ့ကောင်းကင်အလက်ာမှူးကိုပြန်သတ်ရလိမ့်မယ်"

Rewrite the star (Complete)حيث تعيش القصص. اكتشف الآن