part18

162 12 0
                                    

           တက်တူးဆိုင်တစ်ဆိုင်ကိုရောက်နေသည်။ကိုယ်တိုင်က တက်တူးထိုးရမှာ ကြောက်တတ်သူဖြစ်သည်။သို့သော် ချစ်ရပါသော တနဂ်နွေနာမ်အမျိုးသားလေးကတော့ တက်တူးကို အရူးအမူးနှစ်သက်သူဖြစ်သည်။အခုလို တက်တူးထိုးဖြစ်မည်ဟု ဘယ်တုန်းကမှမထင်ခဲ့ပါ။အတ္တကို ကိုယ်စားပြုသော တက်တူးထိုးချင်နေတာ တစ်ပတ်လောက်ရှိခဲ့ပြီဖြစ်သည်။မင်ယောင်းမအားသဖြင့် တက်တူးဆိုင်ကိုမရောက်ဖြစ်။အခုညဘက် မင်ယောင်းအားမှ တက်တူးဆိုင်ကိုလာဖြစ်သည်။
          တက်တူးဆိုင်က ဆိုလ်းမြို့၏ ချောင်ကျကျ ဆင်ခြေဖုန်းရပ်ကွက်တစ်ခုတွင်ရှိသည်။မင်ယောင်းတက်တူးသွားထိုးနေကျ ဆိုင်ဖြစ်သည်။တက်တူးဆိုင်ကိုရောက်တော့ တက်တူးဆရာက ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ဖြစ်သည်။အထက်တန်းကျောင်းသားအရွယ်လေးဖြစ်ကာ သူ့ထက်ငယ်မည့်ပုံ။မင်ယောင်းနဲ့သူ ဆိုင်ထဲဝင်လာတာကို မြင်တော့ တက်တူးဆရာကောင်လေးက

"Hyung!!ရောက်လာပြီလား"

"ဒီတစ်ခါတော့ငါ့သူငယ်ချင်း"

           မင်‌ယောင်းက သူ့ပုခုံးကို ပုတ်လိုက်ပြီး တက်တူးဆရာကောင်လေးကို ပြောလိုက်သည်။မင်ယောင်းကို အစ်ကိုလို့ ခေါ်နေပုံထောက်ရင် သေချာပေါက်သူတို့ထက် အသက်ငယ်လိမ့်မည်။တစ်ကိုယ်လုံးလည်း တက်တူးတွေအပြည့်နှင့်။ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ပုံစံ။တက်တူးတွေကို မြင်ရတော့လည်း တက်တူးခရေဇီ တစ်စုံတစ်အတ္တကို သတိရသွားပြန်သည်။အတ္တက ကျောင်းသားဘဝမှာကတည်းက တက်တူးကိုနှစ်သက်သူဖြစ်ပြီး တက်တူးတွေခိုးထိုးတတ်သေးသည်။

"Sky..အီဂျွန်းကိုမင်းထိုးချင်တဲ့တက်တူးပုံပြလိုက်လေ"

            အတ္တအကြောင်းတွေးနေလို့ တက်တူးပုံပြဖို့ပင်မေ့နေသည်။ဖုန်းထုတ်လိုက်ပြီး ဖုန်းထဲက ပုံတစ်ပုံကိုပြလိုက်သည်။သူထိုးချင်သော တက်တူးမှာ Hibiscus flowerပုံဖြစ်သည်။
        ခေါင်ရမ်းပန်းနှင့် ပတ်သက်ပြီး နိုင်ငံများ၏ အယူအဆမတူညီကြ‌ပါ။တောင်ကိုရီးယားနိုင်ငံတွင် hibiscus Syracus (ခေါင်ရမ်းပန်းခရမ်းရောင်)သည် Korean roseဟု လူသိများပြီး နိုင်ငံ၏ national flower ဖြစ်သည်။ပန်း၏အဓိပ္ပာယ်မှာ ထာဝရ သို့မဟုတ် မကုန်နိုင်လောက်အောင် များပြားသော ကြွယ်ဝမှုဖြစ်သည်။

Rewrite the star (Complete)Место, где живут истории. Откройте их для себя