part11

207 15 1
                                    

            အချိန်တွေ‌ တရွေ့ရွေ့၊ရက်တွေလတွေကြာညောင်း ခဲ့ပြီး ယခုစာသင်နှစ်ဆုံးကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။ကျော်လေးအနားမှာ မရှိတော့သည်မှာလည်း 6လလောက်ရှိသွားခဲ့ပြီဖြစ်သည်။ကျော်လေးမရှိတော့ကတည်းက အသက်မပါတော့တဲ့ အပြုံးတွေ။
           စိတ်လိုလက်ရ မပြုံးမိတာ ကြာခဲ့ပြီဖြစ်သည်။အချိန်တွေလည်း ကုန်မြန်နေပြီး ဆောင်းရာသီကုန်၍ နွေရာသီပင် တစ်ဖန်ပြန်လည် စတင်လာ‌တော့မည်။သူကျောင်းစတက်ခဲ့တာ မနေ့တစ်နေ့ကလိုပင်။ကျောပြင်ငယ်လေးကို ငေးကြည့်ခဲ့ရတာကလည်း မနေ့တစ်နေ့ကလို။
          ထိုစာသင်နှစ်တွင် Vlogပြိုင်ပွဲနှင့် ဘောလုံးပွဲလည်း မကျင်းပဖြစ်တော့ပေ။စုံညီပွဲတော်ကလည်း ကျော်လေးနှင့်တူတူ ကြည့်ရတာမဟုတ်သဖြင့် ခြောက်ကပ်ကပ် ပျင်းစရာဖြစ်သည်။ကျော်လေးမရှိတဲ့နောက် အရာရာဟာ ခြောက်ကပ်ကပ် ဖြစ်သည်။မဟာက တစ်ချိန်လုံး လိုအပ်တာ အကုန်လုပ်ပေးသော်လည်း မပျော်ရွှင်နိုင်ပါ။
         Koreaမှာ ကျော်လေး အချိန်မှန်အိပ်ရဲ့လား။အစားရောသေချာစားရဲ့လား။စိတ်ပူမိသည်။ကိုယ့်အနီးအနားမှာ မဟုတ်တော့ ပူပင်မိသည်။
           ကျောင်းနောက်ဆုံးနေ့ဖြစ်သဖြင့် တစ်နှစ်တာအတွက် နှုတ်ဆက်စကားပြောကြရသည်။ရှေ့ကလူများ ဘာပြောသွားသည်ကို သူမသိပါ။စိတ်လည်းမဝင်စားပါ။တစ်ယောက်ပြီး တစ်ယောက်ပြောရင်း ယခုသူ့အလှည့်ရောက်လာခဲ့ပြီဖြစ်သည်။သူဘာပြောရမည်ဆိုတာကိုလည်း သူမသိပေ။ခေါင်းထဲတွင် ဘာမှ မစဉ်းစားမိပါ။အတန်းရှေ့ထွက်လာတော့ အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာ။

"Umm..ကျွန်တော်...ပထမဆုံးအနေနဲ့ပြောချင်တာကဒီနှစ်မှာအရင်နှစ်တွေနဲ့မတူဘဲအလွန်ကိုပျော်ခဲ့ရပါတယ်..အရင်နှစ်ကလည်းပျော်ပါတယ်။ဒါမဲ့...ဒီနှစ်ကကျွန်တော်ဒီကျောင်းမှာတက်လာတဲ့တစ်လျှောက်မှာအပျော်ဆုံးနှစ်တစ်နှစ်ဖြစ်လာခဲ့ပါတယ်။တစ်စုံတစ်ယောက်နဲ့လည်း..ပိုပြီး..နီးနီးကပ်ကပ်နေခွင့်ရခဲ့ပါတယ်။အဲတစ်စုံတစ်ယောက်မရှိတော့ပေမဲ့လဲအတူရှိခဲ့တဲ့တစ်လျှောက်လုံးဟာ..ကျွန်တော့်အတွက်အမှတ်ရစရာတွေချည်းပါပဲ...ကျွန်တော်တို့ရဲ့အမှတ်တမဲ့လေးတွေကကျွန်တော်တို့တွေအတူမရှိနိုင်တော့တဲ့အခါမှာအမှတ်တရအဖြစ်နဲ့နှလုံးသားထဲမှာထာဝရသိမ်းထားပါတယ်..တစ်ချိန်ချိန်..ကျွန်တော်တို့ပြန်တွေတဲ့အခါမှာဦးနှောက်မမှတ်မိ‌တော့ရင်တောင်ကျွန်တော်တို့ရဲ့နှလုံးသားကအမြဲမှတ်မိနေအုံးမှာပါ..ဟုတ်ကဲ့..ကျွန်တော်ကတော့ဒီလောက်ပဲ‌‌ေပြာချင်ပါတယ်။အားလုံးကိုနောက်နှစ်မှာပြန်ဆုံချင်ပါတယ်..ကျွန်တော်ချစ်တဲ့တစ်စုံတစ်ယောက်ကိုလဲတစ်ချိန်ချိန်မှာပြန်ဆုံချင်မိပါတယ်.."

Rewrite the star (Complete)Where stories live. Discover now