Part27

170 8 1
                                    

"အသဲရေ"

"ဘာလဲ"

"ကိုကို့ကိုဘယ်လိုကြီးထူးလိုက်တာလဲကွာ"

"မသိဘူး..ဘာမှလာမပြောနဲ့။ဒီမှာ concert မသွားရလို့စိတ်ညစ်နေတာ"

        အဝတ်အစားအပြည့်အစုံဝတ်ထားသော အတ္တနှင့် ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက် ထိုနေသော ကျော်လေး။အတ္တက အခန်းထဲ ဝင်သွားပြီး တစ်ခုခုကို ကိုင်ပြီး ပြန်ထွက်လာသည်။

"အသဲရေဒီမှာဘာလေးလဲကြည့်လိုက်ပါအုံး"

       အတ္တက လက်မှတ်လေးနှစ်စောင်ကို ထုတ်ပြလိုက်သည်။ကျော်လေးက မျက်လုံးလေးဝိုင်းသွားပြီး

"ဟာကိုကို!"

         သူ့ကို အပြေးအလွှားလာဖက်တော့သည်။သူက ကျော်လေး၏ နဖူးပြင်လေးကို ဖွဖွလေးနမ်းလိုက်ကာ

"မြန်မြန်အဝတ်အစားသွားလဲတော့"

"ဟုတ်ကဲ့ကိုကို"

          ကျော်လေးက အိပ်ခန်းထဲပြေးသွားပြီး တံခါးနားရောက်ကာမှ အတ္တဆီပြန်လာကာ အတ္တပါးပြင်ကို အနမ်းတစ်ပွင့်ခြွေလိုက်သည်။

"ချစ်တယ်"

          ကျော်လေး၏ ချစ်စဖွယ်အပြုအမူနှင့် ချိုမြနေသော စကားသံလေးကြောင့် သူ့ရင်ထဲ လှိုက်ခနဲ။ကမ္ဘာကြီး ရပ်တန့်သွားသည်ဟု ထင်မှတ်ရအောင်ပင်။ခနကြာတော့ ကျော်လေးက အဝတ်အစားအသစ်များလဲဝတ်ပြီး ထွက်လာသည်။‌jin၏ RJဘီးကုတ်လေးကို တပ်ထားပြီး လက်ထဲတွင် taekookအရုပ်များထည့်ထားသော အိတ်နှင့် ARMY Bomb ကိုကိုင်ထားသည်။

"ကိုကိုသွားရအောင်"

"ဟုတ်ပါပြီဗျာ..သွားကြတာပေါ့"

         သူတို့နှစ်ယောက် concertလုပ်ရာ ကွင်းဆီသို့ထွက်လာခဲ့ကြသည်။ညနေ4နာရီသာ ရှိသေးသည်။တစ်ကွင်းလုံး လူများအပြည့်ဖြင့် ကွင်းထဲဝင်ဖို့ နှစ်ယောက်သား တန်းစီပြီး စောင့်ကြရသည်။လူများတိုးကြိတ်နေသည်အထိ ကောင်လေးခုနှစ်ယောက်၏ အောင်မြင်မှုကပေါ့သေးသေးမဟုတ်။နိုင်ငံတကာမှ ARMYများလည်း လာရောက်အားပေးကြသည်။
         ကျော်လေးက သူတို့အရှေ့တွင် တန်းစီကာ ရပ်စောင့်နေကြသော ပြင်သစ်သူလေးများနှင့် မိတ်ဆွေဖွဲ့နေသည်။တစ်ယောက်တည်း မိတ်ဖွဲ့တာကို အားမရသေးဘဲ သူ့ကိုပါမိတ်ဆက်ပေးလိုက်သေးသည်။

Rewrite the star (Complete)Where stories live. Discover now