part39

380 9 2
                                    

       အခုတလော ဘားများတွင် လူသတ်မှုများ ဖြစ်ပေါ်နေသည်။လူသတ်မှုများက တစ်‌နေ့ထက် ခပ်စိမ့်စိမ့်ဖြစ်လာသည်။လူသတ်တရားခံကို ရဲများ မစုံစမ်းနိုင်ဖြစ်နေသည်‌။အသတ်ခံသည့်လူများကလည်း တကယ့်ထိပ်တန်းစီးပွား‌ေရးသမားများဖြစ်ပြီး အိမ်ထောင်ရေးဖောက်ပြန်‌ေနကြသူများ ဖြစ်သည်။လူသတ်သမားက အရမ်းပါးနပ်ပြီး ခြေရာလက်ရာမကျန်အောင်သတ်နိုင်သည်။
         ဦးသူရိန်အောင် အသစ်ဖွင့်ထားသော 'Moon'ဘားတွင် အတ္တနှင့် ကျော်လေးတို့ ရောက်နေသည်။ဦးသူရိန်အောင်၏ စီးပွားရေးက အဆင်မပြေမှုတွေများလာပြီး အဘက်ဘက်မှ အရှုံးပေါ်လာပြီဖြစ်သည်။စေတန်တို့ကလည်း ငွေဝင်ပေါက်အကုန်ကို လိုက်ပိတ်နေပြီး အတ္တကလည်း ရှယ်ယာဈေးကွက်ကို ထိုးကျအောင်လုပ်နေသည်။
         ကျော်လေးကတော့ ဖခင်ဖြစ်သူ ဦးသူရိန်အောင်နှင့် အစ်ကိုဖြစ်သူ သတိုးမာန်ပြည့်ရှိန်တို့ကို စိတ်နာကာ အ‌တ္တအိမ်တွင်သာနေသည်။မဟာကတော့ သင်ကြားမှုပေါက်မြောက်လွယ်ပြီး အချိန်ခဏအတွင်းမှာပင် ဦးသူရိန်အောင်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နိုင်‌ေနပြီဖြစ်သည်။မဟာနှင့် တာယာက ရှယ်ယာအများဆုံး အတ္တနှင့် တွေ့ဆုံရန် 'Moon'ဘားကိုရောက်လာကြသည်။
         အခန်းတစ်ခုအတွင်းတွင် အတ္တနှင့် မဟာက မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ‌ကျော်လေးနှင့် တာယာက ဘေးတွင် ‌မျက်နှာချင်းဆိုင်ရပ်နေကြသည်။အတ္တနှင့် သာယာလက်ထဲတွင် သေနတ်ကိုယ်စီဖြင့် မဟာကတော့ အသွားချွန်ချွန်ပါသည့် ဓားတိုတစ်လက်ကို ‌ဆုပ်ကိုင်ထားပြီး လှည့်ပတ်ကစားနေသည်။ဓားကို မြှောက်တင်လိုက် ပြန်ဖမ်းလိုက်နှင့်။

"ဒီအပတ်အတွင်းမတိုးတက်လာရင်တော့စာချုပ်ထဲကအတိုင်းငါ့ကိုလျော်ကြေးသိန်း3ထောင်ပြန်ပေးရမယ်"

        အတ္တကပြောလိုက်သည်။မဟာက အတ္တစကားကို လှောင်သလို ရီလိုက်ပြီး

"လမ်းကြောင်းတွေလိုက်ပိတ်နေမှတော့ဘယ်တိုးတက်မလဲ"

"ဘာ!!ငါလမ်းကြောင်းလိုက်ပိတ်တယ်ဆိုတာမင်းမှာသက်သေရှိလို့လား"

"မောင့်အကြောင်းကိုအနီးကပ်နေဖူးတဲ့ငါ့လောက်ဘယ်သူသိနိုင်မလဲ"

Rewrite the star (Complete)Where stories live. Discover now