part5

433 23 2
                                    

       ကျောင်းတွင် မနက်ဖြန်အတွက် လူတိုင်းအလုပ်ရှုပ်နေကြသည်။ကျောင်းဖွင့်ပြီး တစ်ခလပြည့်သောနေ့တွင် အထက်လူကြီးများကျောင်းကို လာရောက်စစ်ဆေးမည်ဟု အမိန့်စာရောက်လာခဲ့သည်။ထိုကြောင့် ဆရာ/မများအားလုံး စာရင်းလုပ်နေကြရသည်။
        ကျောင်းသား/သူများမှာလည်း အခန်းသန့်ရှင်းရေး လုပ်နေကြရသည်။လူတကာသန့်ရှင်းရေးလုပ်နေချိန် သူများသားလေးရင်ခွင်ထဲတွင် အေးဆေးအနားယူနေသောကျော်လေး။ခုံတန်းပေါ်တွင် ခြေဆင်းလျက်ထိုင်နေပြီး သူများသားလေး အတ္တ၏ ရင်ခွင်ကျယ်ကြီးထဲ မှေးစက်နေသည်။
         အတ္တကလည်း ကျော်လေးရဲ့ ကိုယ်သေးသေးလေးကို အနောက်မှပွေ့ဖက်ပေးထားသည်။နောက်ဆုံးအတန်းတွင် အချောင်ခိုနေသော သူတို့နှစ်ယောက်ကို တစ်တန်းလုံးက ကျေကျေနပ်နပ်ပင်လွှတ်ပေးထားသည်။ဒါမှသူတို့တွေ moment ရမှာကိုးး။
          အတန်းထဲမှာ လွန်ခဲ့သော နှစ်ပတ်လောက်ကစပြီး သူတို့နှစ်ယောက်နာမည်ကြီးလာခဲ့သည်။အတ္တရဲ့သဲသဲလှုပ်မှုတွေနဲ့ ကျော်လေးရဲ့ချွဲနေပုံလေးတွေက အတန်းထဲရှိ လူတိုင်းရဲ့ပြောစရာတစ်ခု ဖြစ်လာခဲ့သည်။မိန်းကလေးတော်တော်များများက သူတို့သဘော်ကို အတင်းမောင်းပေးနေတော့သည်။
        သို့သော်လည်း သူတို့သဘော်က အလိုလိုနေရင်း ရွေ့နေခဲ့သည်။ချမ်းငြိမ်းရဲ့ ကောလဟာလဖြန့်နိုင်မှုကြောင့် သူတို့လည်းမရှင်းပြနိုင်သည်အထိ ဖြစ်သွားခဲ့သည်။ဒါကြောင့် သူတို့လည်း တကူးတကကြီး မရှင်းပြနေတော့ပေ။ထင်ချင်သလိုထင်ပါစေဟု သာလွှတ်ပေးထားပြီး သူတို့ကိုယ်တိုင်လည်း လုပ်ချင်သိလိုလုပ်နေကြသည်။

"ဟဲ့ရေ..ဟိုမှာကြည့်စမ်းပါအုံး"

"ဘယ်မှာလဲ"

"ဟိုမှာလေblue couple"

       အပတ်တိုင်း စနေနေ့ကျောင်းတက်ရသော သူတို့ကျောင်းတွင် အသင်းငါးသင်းအလိုက် အသင်းအကျီများဝတ်ကြရသည်။ကျော်လေးတို့နှစ်ယောက်က အပတ်တိုင်းအပြာရောင်(ဗန္ဓုလ)အသင်းအကျီကိုသာ ဆင်တူဝတ်ကြသဖြင့် 'blue couple' ဟုခေါ်ကြခြင်းဖြစ်သည်။

"အားး...ရားးရင်ခွင်ထဲမှာ"

"ဖက်ထားတယ်ဟ"

"မိုက်လိုက်တာ..ငါတော့ရင်ထဲဆိုင်ကလုန်းဝင်နေပြီ"

Rewrite the star (Complete)Where stories live. Discover now