part34

215 9 1
                                    

         မနေ့ညက မိုးကြောင့် ကျော်လေးတစ်ယောက် ကြယ်မကြည့်လိုက်ရပါ။ဒီနေ့တစ်နေ့လုံးလည်း အိမ်တွင်းပုန်းဖြစ်လိုက်ရသေးသည်။နက်ပကျွန်းက မောတောင်ဘက်က ကိစ္စများကို ဖုန်းဆက်ပြီး ပြောသောကြောင့် ထိုကိစ္စများကြောင့် တစ်နေ့လုံးအလုပ်ရှုပ်နေရသည်။
        တစ်ဖက်က စေတန်ကလည်း အခုတစ်ခေါက်တွင် ဦးသူရိန်အောင်၏ သိန်းထောင်ချီတန်သော ကိစ္စကြီးကို ပျက်အောင်လုပ်လိုက်နိုင်‌ကြောင်း ဖုန်းဆက်ပြောသဖြင့် စကားရှည်သွားသေးသည်။ကျော်လေးကတော့ အိမ်ထဲဟိုသွားဒီသွား စားလိုက်၊ဖုန်းသုံးလိုက်နှင့် ပျင်းနေရရှာသည်။
       အတ္တက ညအထိမပြတ်ဖြစ်နေသော အလုပ်များကို laptopတစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ကျော်လေးက ‌ကုတင်ပေါ်တွင် ပက်လက်လဲချလိုက်ပြီး

"ကြယ်ကြည့်ချင်တယ်..ကြယ်..ကြယ်"

        သူကြားအောင် တမင်အော်ပြနေသော ကျော်လေး။ကြားသော်လည်း ကိစ္စမပြီးသေးသဖြင့် ကြယ်မကြည့်ပေးနိုင်သေး။Golden lifeက ရှယ်ယာဈေးကွက်ကို ကြည့်နေရသေးသည်။ရန်သူကို ထိုးစစ်ဆင်ဖို့ နည်းလမ်းစဉ်းစားနေရသေးသည်။ဦးသူရိန်အောင်က မှောင်ခိုလုပ်သော်လည်း Golden life ကုမ္ပဏီမှလည်း ဝင်ငွေရသေးသည်။
         Golden life ကမှောင်ခိုလောကနှင့် အရှုပ်အရှင်းကင်းသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။Golden lifeမှလွဲ၍ ကျန်လုပ်ငန်းအားလုံးမှာ မြေအောက်အဖွဲ့အစည်းများနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေသည်။

"မေမေရေ..မေမေ့သားလေးကိုကြည့်လှည့်ပါအုံးးရည်းစားလေးတစ်ယောက်ရထားပါတယ်..သားထက်သူ့အလုပ်ကိုပိုဦးစားပေးနေတယ်..သားပြောတာတောင်မကြားချင်ယောင်ဆောင်နေတယ်"

"အရပ်ကတို့ရေဒီကကောင်းကင်အလ်ကာမှူးအဖြစ်ကိုကြည့်ကြပါအုံးဗျို့"

"ရည်းစားလေးကပလစ်ထားတဲ့သနားစရာကောင်းကင်အလက်ာမှူးလေး"

"အော်..ဆိုးလိုက်တဲ့ငါ့ဘဝ"

"ကိုကိုကမချစ်တော့ဘူး"

"သိလိုက်ပါပြီ..ယောက်ျားတွေများကောင်းကိုမကောင်းဘူး"

       ဦးသူရိန်အောင်ကို ငွေဝင်ပေါက်အကုန်ပိတ်အောင်လုပ်ရန် အကြံအိုက်နေသည့် ကြားထဲ ကျော်လေးကပါ နားပူနားဆာ လုပ်နေသည်။ဦးသူရိန်အောင်ထံ ပိုက်ဆံဝင်နေသည့် လမ်းကြောင်းများကို ကြည့်ပြီး

Rewrite the star (Complete)Where stories live. Discover now