part6

270 18 1
                                    

        ကားက ဈေးကြီးလမ်းတစ်လျှောက် မောင်းနင်လာခဲ့သည်။ကျော်လေးကတော့ တစ်ခုခုစားချင်နေဟန်။

"ကိုကိုဗိုက်ဆာတယ်"

"ကလေးကဘာစားချင်လို့လဲ"

"အတ္တဘာစားမလဲ"

        ဗိုက်ဆာနေတယ်ပြောသဖြင့်မေးသည်ကို ကျော်လေးက အတ္တကို ပြန်မေးနေသေးသည်။သတိုးမာန်ပြည့်ရှိန်က ကားနောက်မှန်ကနေ ကျော်လေးတို့နှစ်ယောက်ကို မသိမသာ အကဲခတ်နေသည်။ကျော်လေးက အတ္တကိုဖက်ထားဆဲ။

"မင်းကြိုက်တာစားလေ..မင်းကြိုက်တာလဲငါကြိုက်တာပဲ"

"မိုးအေးအေးလေးနဲ့ဆိုတော့တော့ပိုကီစားရမယ်"

         ကျော်လေး၏ တော့ပိုကီစားချင်သော အလိုဆန္ဒကြောင့် ကားလေးမှာ 'market garden' ဝင်းထဲချိုးဝင်လာခဲ့သည်။မြိတ်မြို့၏ လူအစည်ကားဆုံးနေရာတစ်ခုဖြစ်သော 'market garden 'သည် မိုးရွာနေသော်လည်း လူများစည်ကားလျက် ယခင်ကဲ့သို့ ကားပါကင်ထိုးရမည့် နေရာကို အတော်ပင်လိုက်ရှာလိုက်ရသည်။
          တော့ပိုကီဆိုင်သည် 'market garden' မျက်စောင်းထိုးတွင်ရှိသည်။နာမည်ကြီး Korea စားသောက်ဆိုင်ဖြစ်သောကြောင့် တစ်ဆိုင်လုံး လူများပြည့်နေခဲ့သည်။

"ကိုကိုသွားဝယ်ပေးမယ်..ထိုင်နေနော်ကလေး"

"ဟုတ်"

        သတိုးမာန်ပြည့်ရှိန်က တော့ပိုကီဝယ်ရန် ထွက်သွားသည်။အခုကားထဲမှာ ကျော်လေးနှင့် အတ္တနှစ်ယောက်တည်း။‌ကျော်လေးကဖက်ထားရာမှ  Bluetooth နှင့်ချိတ်ထားသော သတိုးမာန်ပြည့်ရှိန်ဖုန်းကိုလှမ်းယူလိုက်ပြီး သီချင်းဖွင့်လိုက်သည်။

'Remember when we first met?You said light my cigarette ..
so I lied to my mom and dad
I jumped the fence and I ran...'

       ချိုမြန်စွာ ဝင်ရောက်လာသော သံစဉ်လေး။နှစ်ယောက်လုံး ကားပြတင်ပေါက်ကိုသာ ငေးကြည့်နေခဲ့သည်။ကားပြတင်းပေါက်မှန်မှ စီးကျလာသော မိုးရေစက်ကလေးများ။သီချင်းသံမှတစ်ပါး အခြားဘာအသံမှမကြားရပေ။ဆိတ်ငြိမ်နေသော လေထုအခြေအေနေကို အတ္တဥယျာဉ်မောင်က စတင်ဖြိုခွဲပစ်လိုက်တော့သည်။

"သတိုးမာန်ပြည့်ရှိန်ကမင်းအပေါ်မရိုးသားဘူး"

"အမ်..ဘာပြောတာ"

Rewrite the star (Complete)حيث تعيش القصص. اكتشف الآن