အပိုင်း ၃၇ - ငါက မင်းရဲ့ခွေးကောင်လေးမို့လို့ မင်းကိုပဲ ကိုက်မှာ

1.2K 73 20
                                    

* ယူနီကုတ် *

အပိုင်း ၃၇ - ငါက မင်းရဲ့ခွေးကောင်လေးမို့လို့ မင်းကိုပဲ ကိုက်မှာ

"Fou~~"

ခပ်ချွဲချွဲလေသံက ကားပေါ်ကဆင်းပြီးတာနဲ့ အိမ်အရှေ့ဝမှာတင် ထွက်လာတော့ သူ ဂျမ်မနိုင်းကို ကြည့်လိုက်မိသည်။ စိုးရိမ်ပူပန်မှု လျော့ကျသင့်သလောက် လျော့ကျသွားပြီဆိုပေမယ့် သူ့ရင်ထဲမှာ ခံစားနေရတဲ့ဝမ်းနည်းမှုနဲ့ အားငယ်စိတ်တို့ကတော့ အခုထက်ထိ မပျောက်၊ ကိန်းအောင်းနေသေးသည်။

ဒါဟာ ဂျမ်မနိုင်းပြောသလို သူ ဂျမ်မနိူင်းကို အပြည့်အဝမယုံကြည်သေးလို့ မဟုတ်ဘဲ ယုံကြည်မှုအကြောင်း တစ်ခါမှ မတွေးဖူးတာကြောင့်ဖြစ်သည်။ ဟိုအရင်ကတည်းက တစ်ဖက်သတ်ချစ်ခဲ့ရသူမို့ အချစ်ဆိုတဲ့အရာကို သူ့ဘက်ကသာ ချစ်ပေးနိုင်ရင် အရာအားလုံးဟာ အဆင်ပြေပြီလို့ တွေးထားခဲ့သူမို့လို့ပင်။

အခုတော့ဖြင့် အနည်းငယ်ညှိုးငယ်ဟန်ရှိနေတဲ့သူ့ကို လက်လေးဆန့်တန့်ပြီး လက်ဖဝါးဖြန့်ကာ ဆုပ်ကိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ဂျမ်မနိုင်းကို သူကြည့်လိုက်မိသည်။ လက်တွဲဖို့အတွက် လက်ကမ်းလာတာကို မြင်ပေမယ့် ကြောင်တောင်တောင်လေးသာ ငေးနေလိုက်သည်။ အရာအားလုံး သူ့အတွက် အနည်းငယ်ထိုင်းမှိုင်းနေသေးသည်။ ဂျမ်မနိုင်းနဲ့ပတ်သက်ရင် လူက ဝမ်းနည်းနေသေးသည်။ ပျော်စရာတွေကို အိပ်မက်လိုသာ မြင်နေသေးသည်။

"Fou~~"

"ဘာလုပ်ဖို့လဲ"

သူ့နာမည်ကို ခေါ်လိုက်တာကြောင့် သူ မေးခွန်းထုတ်ရင်း လှမ်းလာတဲ့လက်ကို ဥပေက္ခာပြုမိသည်။ သူအမြင်အာရုံတွေမှားနေတာပဲ နေမှာပါလေ။

"ဘာလုပ်ရမှာလဲ မင်းလက်ကို ဒီလိုကိုင်ချင်လို့ပေါ့"

ရုတ်တရက် သူ့လက်ချောင်းကြားတွေထဲ ဂျမ်မနိုင်းရဲ့လက်ချောင်းတွေက ဝင်ရောက်ပူးကပ်ဆုပ်ကိုင်လာတော့ သူ့လက်ဟာ သေးသေးလေးလိုဖြစ်သွားရင်း ဂျမ်မနိုင်းရဲ့လွှမ်းခြုံမှုအောက်ကို ကျရောက်သွားသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Apr 28 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Can't Be Brother [ Gemini × Fourth ]Tempat cerita menjadi hidup. Temukan sekarang