အပိုင်း ၃၀ - ပန်းရောင်အလောင်းများ

752 60 29
                                    

♣♠UNICODE ♠♣
အပိုင်း ၃၀ - ပန်းရောင်အလောင်းများ

သုံးရက်ခန့်ကြာပြီးနောက် ...

"အာ~~"

ပါးစပ်ကလေးဟလိုက်တာနဲ့ ခံတွင်းထဲ ဝင်လာတာက စတော်ဘယ်ရီသေးသေးလေးတစ်လုံး။ သူ ညာဘက်ခံတွင်းတစ်ခုအပြည့်ငုံရင်း မဖောင်းသေးတဲ့‌ဘယ်ဘက်ခြမ်းအတွက် ဒုတိယအကြိမ်ပါးစပ်ဟမိသည်။

"အာ"

ဒုတိယအကြိမ်ဝင်လာတဲ့စတော်ဘယ်ရီကို ဘယ်ဘက်ခံတွင်းနဲ့ငုံရင်း ပါးနှစ်ဖက်လုံးဖောင်းတဲ့အချိန်ကျမှ ဝါးချေလိုက်မိသည်။ သူ့အကြည့်တွေကတော့ စတော်ဘယ်ရီခွံ့ပေးနေတဲ့ လက်ပိုင်ရှင်ထံ မကျရောက်ဘဲ တီဗွီပေါ်က ဇာတ်လမ်းတွဲကိုသာ အာရုံရောက်နေသည်။

"ဖို့! မငုံထားနဲ့ ဝါးစားစမ်းပါ ... မင်း ဒီလိုလုပ်နေရင် ငါ ဆက်မခွံ့ကျွေးတော့ဘူးနော်"

ဂျမ်မနိုင်းဆီက အသံထွက်လာတာမို့ သူ ဂျမ်မနိုင်းကို လှည့်ကြည့်မိသည်။ ဆေးထိုးဖို့အတွက် သူနာပြုမလေးကို ခေါ်ရမယ့်အချိန်ရောက်နေပေမယ့် စတော်ဘယ်ရီတွေ အကုန်ခွံ့ကျွေးမှ သူဆေးထိုးခံမယ်လို့ ပြောခဲ့တာကြောင့် ဂျမ်မနိုင်းက သူ့ကို စိတ်ရှည်လက်ရှည်နဲ့ အစာကျွေးနေတာဖြစ်သည်။ အရင်က ဂျမ်မနိုင်းကို ခွေးကလေးလို့ သူအမြဲခေါ်‌ခဲ့ပေမယ့် အခုချိန်မှာတော့ တကယ့်ခွေးကလေးဟာ သူဖြစ်နေသည်ပင်။

"ငါစားနေတာပဲလေ မင်းကသာ စိတ်မရှည်နေတာ ... ဒါနဲ့များ ငါ့ကို လူနာစောင့်လာလုပ်နေသေးတယ် ... မင်းမလုပ်နိုင်ရင် ငါ P'Mark ကို ခေါ်လိုက်မယ် ..."

ငြိုငြိုငြင်ငြင်ပဲပြောမိတော့ ဂျမ်မနိုင်းက ကိုင်ထားတဲ့စတော်ဘယ်ရီဘူးကို ချကာ တီဗွီရီမုကိုယူရင်း သူကြည့်နေတဲ့ဇာတ်လမ်းတွဲကို ပိတ်ချလိုက်သည်။

"အယ်!"

"မနက်ဖြန် ဆေးရုံက ဆင်းရမှာကို မင်းက ဘာလူနာလုပ်ချင်နေတာလဲ ... ငါက မင်းကို အခုလိုပြုစုပေးနေတာတောင် လွန်လှပြီ"

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now