အပိုင်း ၂၈ - ဖြည်းဖြည်းချင်း မင်းအနားကို ပိုတိုးလို့ လာခဲ့မယ်

864 65 45
                                    

♣♠UNICODE ♠♣
အပိုင်း ၂၈ - ဖြည်းဖြည်းချင်းဆီ မင်းအနားကို ပိုတိုးလို့ လာခဲ့မယ်

"(တီ ... တီ ...)"

Vibrate လုပ်ထားတဲ့ဖုန်းကနေ ခဏခဏဝင်နေတဲ့အဝင်ကောလ်။ သူ့စားပွဲထက် ဖိုင်ပေါင်းများစွာကို စီမံနေခဲ့ရသည့်အတွက် သူ ဖုန်း မကိုင်နိုင်သေး။

" ရှောင်စစ် အရေးကြီးဖုန်းထင်တယ် ကိုင်လိုက်ဦး"

ဘေးကနေ အစ်ကိုဖြစ်သူက သတိပေးတော့မှ သူ ဖိုင်တွဲကနေ အကြည့်လွှဲကာ ဖုန်းကို ကိုင်လိုက်မိသည်။

"... ဝေ? ..."

".. Fourth Nattawat !  ...."

ရုတ်တရက် Fourth ဆိုတဲ့ နာမည်ကြောင့် သူ့အသည်းစိုင်က ထိတ်လန့်ခြင်းနဲ့အတူ လှုပ်ခတ်သွားသည်။ ပြောရရင် ဟောင်ကောင်ကို အခြေချပြီးကတည်းက Fourth ဆိုတဲ့ နာမည်ကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့သလို ဘယ်သူကမှ မသိ။ ဒယ်ဒီနဲ့ပါးပါး ကိုယ်တိုင်ကလည်း Fourth လို့ မခေါ်ဘဲ သူငယ်ငယ်ကတည်းကပေးခဲ့တဲ့ ရှောင်တိစစ်(Little Fourth)ဆိုတဲ့ တရုတ်နာမည်ကိုသာ ခေါ်ခဲ့သည်။ အခုတော့ဖြင့် သူ့နာမည်ကို အတိအကျခေါ်လာလေတော့ သူ အစ်ကိုဖြစ်သူကို ကြည့်လိုက်မိသည်။

"... ဘယ်သူလဲ ..."

ရုတ်တရက်ကြီး ထိုင်းလေသံနဲ့ သူမေးခွန်းထုတ်မိတော့ အစ်ကိုဖြစ်သူကပါ သူ့ဆီကို စိုက်ကြည့်လာသည်။ ဟောင်ကောင်ကို ရောက်ပြီးကတည်းက များသောအားဖြင့် တရုတ်လိုသုံးနှုန်းကြတာဖြစ်ပြီး မိသားစုဝင်အချင်းချင်းရှိမှသာ ထိုင်းလို သုံးနှုန်းဖြစ်တာများသည်။

"... မမှတ်မိဘူးပဲ ... လွန်ခဲ့တဲ့နှစ်က မင်း ဘာလုပ်ထားလဲ မေ့သွားတာလား "

ထိုစကားကြောင့် သူ မှတ်မိဖို့ အသည်းအသန်မကြိုးစားလိုက်ရပါဘဲ အလိုလိုသိသွားမိသလို ထိတ်လန့်စပြုနေတဲ့ စိတ်နှလုံးကလည်း ရုတ်တရက် စိုးရိမ်ရေမှတ်အမြင့်ဆုံးကို ရောက်သွားတဲ့အတွက် သူ ထိုင်နေရာကနေ ချက်ချင်း အလောတကြီး မတ်တပ်ရပ်မိသည်။

Can't Be Brother [ Gemini × Fourth ]Wo Geschichten leben. Entdecke jetzt