အပိုင်း ၃၄ - သူက ဘယ်နေရာမှာများ ချို့ယွင်းချက် ရှိနေခဲ့လို့လဲ

639 57 23
                                    

အပိုင်း ၃၄ - သူက ဘယ်နေရာမှာများ ချို့ယွင်းချက် ရှိနေခဲ့လို့လဲ

"..."

"ကလေးပဲကွာ ဘာလုပ်နိုင်မှာမို့လဲ ခဏပစ်ထားလိုက် ... ထွက်မပြေးနိုင်အောင် အစာဖြတ်ထားတာပဲ မင်းက ဘာဖြစ်နေတာ"

မျက်ဝန်းတွေ ပိတ်ထားပေမယ့် ကြားနေခဲ့ရတဲ့စကားသံတွေ။

"ဒါပေမဲ့ သာမန်ကလေးမှ မဟုတ်တာ"

" မင်းနဲ့ငါက နှစ်ယောက်လေ ... သာမန်မဟုတ်ရင်တောင် ငါတို့မှာ သေနတ်ရှိတာပဲ အေးဆေး! မသေရင်ရပြီလေ"

"ဒါပေမဲ့ ..."

ချီတုံချတုံဖြစ်နေတဲ့ အဲဒီနှစ်ယောက်ကို လေးလံနေတဲ့သူ့မျက်ဝန်းတွေက ဖွင့်ကြည့်လိုက်မိသည်။ တစ်ယောက်က အရက်သောက်ဖို့ခေါ်နေတာဖြစ်ပြီး တစ်ယောက်က တာဝန်လစ်ဟင်းမှာ စိုးရိမ်နေတာပင်။

"ကောင်းပြီ ငါစစ်ကြည့်မယ်"

ပြောပြောဆိုဆို သူ့ဆီဦးတည်လာတော့ သူမျက်ဝန်းတွေအမြန်ပိတ်ရင်း ငြိမ်သက်ချင်ယောင်ဆောင်မိသည်။ သိပ်မကြာ သူ့အနားရောက်လာတဲ့ထိုလူက သူ့ဝမ်းဗိုက်ကို ခြေထောက်နဲ့ ကန်ကျောက်ပြီး သူ့အခြေအနေကို စစ်ဆေးသည်။

"(...)"

သူ ဒီလှောင်အိမ်ထဲ ပိတ်မိနေတာ ဘယ်နှစ်ရက်ရှိပြီးလဲ မသိပေမယ့် သူ ဒီကိုရောက်ပြီးနောက်ပိုင်း ရေတစ်မျိုးသာ တိုက်ပြီး မသေရုံတမယ်သာကျွေးသည်မို့ အင်အားမရှိတဲ့အပြင် သူမခုခံနိုင်အောင် ရိုက်နှက်ကန်ကျောက်ထားကြတာဖြစ်သည်။ အဲဒီအတွက် သူ့ကို စစ်ဆေးဖို့ ကန်ကျောက်တဲ့တစ်ချက်မှာ သူ နာကျင်လွန်းပေမယ့် အသံမထွက်နိုင်ဘဲ တွန့်ကွေးသွားရသည်။

"အဆင်ပြေတယ် ချရအောင်!"

သူ့ခြေလက်မှာ ချည်ထားတဲ့ကြိုးကို စစ်ဆေးပြီး တစ်ဖက်ပြန်လှည့်ကာ အဆင်ပြေကြောင်းပြောရင်း သူနဲ့ခပ်ဝေးဝေး အဲဒီမီးပုံဆီလျှောက်သွားတော့သည်။ သူကတော့ အေးစိမ့်နေတဲ့တံမံသလင်းထက်မှာ ကွေးကွေးလေးနေရင်း နာကျင်မှုကိုဖြေဖျောက်ကာ ညစ်ပတ်ပေရေနေတဲ့မျက်နှာက ဒေါသတွေကို ဖြေသိမ့်လိုက်မိသည်။ သူ တော်တော်လေး ခြေကုန်လက်ပန်းကျနေပြီဆိုပေမယ့် အရှူံးပေးလို့မရ။ ပထမဦးဆုံးအနေနဲ့ သူ ပြန်ပေးဆွဲခံရတဲ့အတွက် ကြောက်စိတ်က တဟုန်ထိုးဝင်လာခဲ့ပေမယ့် ပါးပါးရဲ့သင်ခန်းစာတွေထဲမှာ လွတ်မြောက်ဖို့အတွက် အားတင်းခံခြင်းဆိုတာ သူသေချာသင်ကြားထားရတယ်လေ။

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now