အပိုင်း ၁၆ - မင်းသဘောကျလာအောင် ငါက မင်းကို ဆွဲဆောင်ထားချင်တယ်

995 59 40
                                    

⟨ Unicode Version ⟩
အပိုင်း ၁၆ - မင်းသဘောကျလာအောင် ငါက မင်းကို ဆွဲဆောင်ထားချင်တယ်

"... ဟင်အင်း မလုပ်ချင်ဘူး .. ကျွန်တော် ကျွမ်းကျင်တဲ့နယ်ပယ် မဟုတ်သလို သဘောလည်း မကျဘူး ... ပြီးတော့ Fourth က ကျွန်တော့်မိသားစုဝင်လေ ... ဘယ်လိုမှ မဖြစ်နိုင်ဘူး ..."

သူ့ရှေ့မှာရှိနေတဲ့ အစ်ကိုKhaoကို ခပ်တည်တည်ပဲ ပြန်ပြောမိသည်။ ‌လူရွေးပွဲမှာ သူအောင်မြင်ကြောင်း လာပြောတဲ့အပြင် အခုလို နှစ်ယောက်တည်းတွေ့ဖို့ ဖြစ်လာတော့ သူ ငြင်းပယ်မိသည်။

"... ကိုယ်အလေးအနက်ထားပြီး ပြောနေတာပါ ... မင်းနဲ့ Fourth က... အရင်းတွေလည်း မဟုတ်သလို ဘာမှလည်း တော်စပ်မှုမရှိဘူး လို့ သိထားတယ် ... မင်းက Fourth ဖြစ်နေလို့ လက်မခံနိုင်တာလား... ဒါပေမဲ့ Fourth ကတော့ မင်းဖြစ်နေလို့ သူရွေးချယ်ခဲ့တာနော် ... "

ထိုစကားကြောင့် သူမျက်မှောင်ကြုတ်မိသွားသည်။ Fourth က ဘာကိုရွေးချယ်တာလဲ ... သူနားမလည်။

"... ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ  ဒါက အစကတည်းက သူလုပ်ရမယ့်အလုပ်ပဲလေ "

" ... Fourth က ဒီလိုပုံစံမျိုး ရိုက်ဖို့ ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး ... ဒါပေမဲ့ ဒီနယ်ပယ်က ဒီလိုဆက်သွားရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး ... အဲဒါကြောင့် သူ့ကို သူရေးထားတဲ့ဇာတ်ကောင်နေရာယူဖို့ ပြောတာ ... အော်ဒီရှင်ဖြေပြီးသွားတော့ သူ စိတ်များပါလာမလားဆိုပြီး ... ဘယ်သူနဲ့တွဲချင်လဲမေးကြည့်မိတယ် ... အဲဒီတော့မှ   မင်းနဲ့မှ တွဲပြီး အလုပ်လုပ်ချင်တယ် ပြောလာတယ်‌လေ... "

ထိုစကားကြောင့် သူ့စိတ်ဝင်စားမှုတွေ မြင့်တက်သွားသည်။

တကယ်ပြောခဲ့တာလား ... ပြောတယ်ဆိုရင် ဘာဖြစ်လို့ပြောခဲ့တာလဲ ...

" ရှေ့မှာ အောင်မြင်နိုင်တဲ့ စီးရီးတွေအများကြီးကို သူငြင်းခဲ့တာ ... အခု မင်းမဟုတ်ရင် သူတခြားသူတွေနဲ့ လက်မတွဲချင်ဘူး ဆိုလို့ ကိုယ် မင်းဆီ ရောက်လာတာ ... အဲဒါအပြင် မင်းက လုံးဝကို Heartရဲ့ဇာတ်ကောင်နဲ့ လိုက်ဖက်လွန်းတယ်လေ ... မသိရင် Heart ကို အပြင်မှာ မြင်လိုက်တဲ့အတိုင်းပဲ ..  ... မင်းကရော ကြိုးစားချင်စိတ်မရှိဘူးလား ..."

Can't Be Brother [ Gemini × Fourth ]Kde žijí příběhy. Začni objevovat