အပိုင်း ၂၇ - ပစ်မှတ်ဆီသို့ချဉ်းကပ်ဖို့ရန် ရွှေလိုအဖိုးတန်လူသားအားအသုံးချခြင်း

611 43 12
                                    

♣♠UNICODE ♠♣
အပိုင်း ၂၇ - ပစ်မှတ်ဆီသို့ ချဉ်းကပ်ဖို့ရန် ရွှေလိုအဖိုးတန်လူသားအား အသုံးချခြင်း

တစ်ပတ်ခန့်ကြာပြီးနောက် ...

သတင်းခေါင်းစဉ်များ :

« ***ကုန်တိုက်တွင် စိတ်မမှန်သူအမျိုးသားတစ်ဦးမှ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ event ကျင်းပနေသည့် အနုပညာရှင်တစ်ဦး ထိခိုက်ဒဏ်ရာရ »

« ပစ်ခတ်သွားသည့်အမျိုးသားမှာပျောက်ဆုံးနေဆဲ ...‌ »

Trending hashtags များ :

#geminigetwellsoon

#ထိထိရောက်ရောက်အရေးယူပေးပါ

#ချစ်ရတဲ့သားသားလေးအမြန်သက်သာပါစေ

#‌လူရမ်းကားကိုပြစ်ဒဏ်ကြီးကြီးချသင့်တယ်

ဆိုရှယ်မီဒီယာပေါ်မှ မှတ်ချက်များ :

(အင်တာတိန်းမန့်က ဘာလုပ်နေလဲ ဒါလေးတောင် ဂရုမစိုက်ပေးနိုင်ရဘူးလား)

(ငါတို့သားလေးသာ တစ်ခုခုဖြစ်ကြည့် Minirth TV တစ်ခုလုံးမီးရှို့မှာ)

(သားသားရဲ့နောက်ဆုံးအခြေအနေကိုသိကြပြီလား)

(မသိသေးဘူး ... ဘာမှ တရားဝင်မထုတ်ပြန်သေးဘူး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ တစ်ခုပဲ ထုတ်ပြန်ထားတယ်)

(ငါ့သားလေးအစား ငါ့ကိုပဲ ပစ်လိုက်ကြပါတော့)

ပလူပျံနေတဲ့သတင်းခေါင်းစဉ်ရယ်၊ မှတ်ချက်တွေရယ်၊ worldwide trending  #1အထိ ဖြစ်လာတဲ့ hashtags တွေရယ် ....။

ထိုင်းနိုင်ငံရဲ့ သည်းသည်းလှုပ်အချစ်တော်ကလေးကိုမှ ထိခိုက်သွားရတဲ့အတွက် ‌လှုပ်လှုပ်ကြွကြွဖြစ်နေကြတဲ့ ပြည်သူလူထုအပြင် ‌နိုင်ငံအနှံ့အပြားက ပရိသတ်တွေလည်း ဒီသတင်းကို စောင့်ကြည့်နေတာဖြစ်သည်။ followers 10M ပိုင်ဆိုင်ထားတဲ့ အကောင့်ကလေးကတော့ ဘာကိုမှ အတည်မပြုနိုင်ဘဲ ငြိမ်သက်နေခဲ့တာ နှစ်ရက်ခန့်ရှိပြီဖြစ်သည်။ ထို့ကြောင့် Minirth TV အရှေ့ သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားတဲ့ကားလေးတွေရှိပြီး နာရီအပိုင်းအခြားလိုက် တောင်းဆိုမှုတွေ ပြုလုပ်နေတဲ့ဖန်တွေလည်း တည်ရှိနေပြန်သည်။

Can't Be Brother [ Gemini × Fourth ]Dove le storie prendono vita. Scoprilo ora