အပိုင်း ၂၀ - သုံးပွင့်ဆိုင်ဆုံမှတ်ရဲ့ လမ်းဆုံက လမ်းခွဲအဆုံးသတ်

641 45 17
                                    

♣♠UNICODE ♠♣
အပိုင်း ၂၀ - သုံးပွင့်ဆိုင်ဆုံမှတ်ရဲ့ လမ်းဆုံက လမ်းခွဲအဆုံးသတ်

"... Happy Birthday To you ... Happy Birthday To you ... Happy Birthday Queen Saunglab ... Happy Birthday To you ...."

MV အတွက် ဂုဏ်ပြု Partyပွဲရဲ့ စင်မြင့်ထက်ကနေ ထွက်လာတဲ့အသံလေး။ ခွက်ကိုယူပြီး သောက်တော့မယ့်သူ့လက်တွေက နှုတ်ခမ်းနားမှာ ရပ်ရင်း စတိတ်ပေါ်ကလူသားကို ကြည့်လိုက်မိသည်။

ဖို့ နတ်ထဝပ်!
အမြဲတမ်းပြုံးရယ်နေပါတဲ့ သူချစ်ရတဲ့လူသားလေး ဖို့!

"... ဒီညက ကျွန်တော့်ရဲ့MV အတွက် ဂုဏ်ပြုပေးတဲ့ညဖြစ်သလို ... ကျွန်တော့်သူငယ်ချင်းကောင်မလေးရဲ့မွေးနေ့လေးလည်း ဖြစ်ပါတယ် ... အဲဒီတော့ သူ့အတွက် ကျွန်တော်နဲ့ Winny ပေါင်းပြီး လက်ဆောင်လေးပြင်ထားပေးခဲ့ပါတယ် ...."

"....."

"... Saunglab! ... ဒီသီချင်းကို ငါ ဒီမှာပဲ ဆိုပြပြီး လက်ဆောင်တစ်ခါတည်းပေးမှာမို့ ငါ့ကို သေချာမှတ်တမ်းတင်ပြီး သိမ်းထားနော် သူငယ်ချင်း ..."

ဖို့ရဲ့စကားအဆုံး ပါတီက လူတွေ အုံးအုံးထပြီး Saunglab ကို လိုက်ရှာကြပေမယ့် သူကတော့ စတိတ်အရှေ့ အလယ်တည့်တည့်မှာရှိနေတဲ့ Saunglab ဆီ အကြည့်ရောက်သွားမိသည်။ အလှဆုံးအပြုံးတွေ ဝေဆာနေတဲ့ Saunglab ...။

သူ စတိတ်ပေါ်က ဖို့ကိုတစ်ခါ၊ စတိတ်အောက်က Saunglab ကို တစ်ခါ သူကြည့်မိသည်။ နှစ်ယောက်စလုံးရဲ့အကြည့်က တော်ရုံနဲ့မပြီးပြတ်နိုင်တာမို့ သူခပ်မဲ့မဲ့လေးရယ်မိတော့ ဘယ်ဘတ်ရင်အုံက ဆစ်ကနဲ့။ ဒါက သူ့အတွက် မထူးဆန်းတော့ပြီဖြစ်သည်။

ဖို့ကို စစချင်း သဘောကျမိမှန်းသိတဲ့အချိန်တုန်းက ဖျပ်ဖျပ်လူးပြီးရင်ခုန်ခဲ့ရသလောက် ဖို့မှာ သဘောကျတဲ့သူရှိမှန်း သိလိုက်ရတဲ့အချိန်ကစပြီး ရင်ခုန်တာရဲ့သုံးဆလောက် နာကျင်မှုတွေကို သူ တဆစ်ဆစ်ခံစားရသည်။ ဝန်ခံလို့မရတဲ့အသည်းကွဲဝေဒနာကို သူခံစားနေရတယ်ဆိုရင် မှန်လေမလား။ ဖို့ ဘယ်သူ့ကို သဘောကျနေမှန်း သူမသိပေမယ့် သူသိတာက ဖို့ပြောတဲ့အချက်နဲ့ညီတာ Saunglab ပဲ ရှိသည်။

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now