အပိုင်း ၂၂ - အဲဒီ့လူလည်လေးကို မင်းချစ်တယ် မဟုတ်လား ...

954 60 40
                                    

♣♠UNICODE ♠♣
အပိုင်း ၂၂ - အဲဒီ့လူလည်လေးကို မင်းချစ်တယ် မဟုတ်လား ...

" ဒီလိုဆုံးဖြတ်မယ်ဆိုတာ သေချာပြီလား ဖို့ ..."

ကားပေါ်ရောက်တာနဲ့ အမေးခံလိုက်ရတဲ့အတွက် သူ ဆွံ့အကာ မျက်မှောင်ကြုတ်မိသည်။ ပြန်မဖြေနိုင်ဘဲ ကားbackမှန်ကနေတစ်ဆင့် မြင်နေရတဲ့ ဂျမ်မနိုင်းရဲ့ပုံရိပ်ကိုသာ ငေးမိတော့ မျက်ဝန်းတွေ နီရဲကျိန်းစပ်လာသည်။

"... ကလေးလေး ... အခွင့်အရေးဆိုတာ နှစ်ခါမရဘူး ... ဒီလိုပဲ အဆုံးရှုံးခံတော့မလို့လား  ..."

ကားကို လှိမ့်ထွက်ရင်း ဒယ်ဒီ ထပ်မေးလာတော့ ရင်ဘတ်ထဲ ဆို့နင့်နေတဲ့အလုံးကြီးက သူ့လည်မြိုကို လာညှစ်သည်။ သူ့အသံတွေက ထွက်မလာ။

ဒီတင်းကျပ်ကျပ် ခံစားချက်ကြီးက မုန်းဖို့ကောင်းလိုက်တာ ... ပြောရရင် ဂျမ်မနိုင်း သူ့ကို သဘောကျနေတယ်လို့ ဖွင့်ပြောလာတော့ သူအံ့ဩရသလို အချိန်အကြာကြီး ဒွိဟဖြစ်နေခဲ့တဲ့ကိစ္စတွေအတွက် အဖြေတစ်ခုရလိုက်သည်။ အဲဒါထက် သူ ပြတ်သားစွာ လုပ်ခဲ့မိတာက 'မတွဲနိုင်ဘူး' လို့ ယတိပြတ်ငြင်းခဲ့တာပင်။

"... ‌‌ကလေးလေး ... သူ့ကို နာကျင်အောင် တစ်ယောက်တည်း ထားခဲ့တော့မှာလား ... အကြောင်းပြချက် မပေးတော့ဘူးလား ... မင်း ပြတ်သားတယ်ဆိုတာ သိပေမယ့် နှလုံးသားနဲ့ ပတ်သက်ရင် ပြတ်သားတာက နာကျင်ရတာပဲ အဖက်တင်တယ် ... သူနာကျင်ရတာကို မင်းက ကြည့်နေနိုင်လို့လား ..."

သူ့နံဘေးက ကားမောင်းနေရင်း ဒယ်ဒီ ထပ်ပြောလာတော့ သူအားလျော့စွာ အဖြေပြန်ပေးမိသည်။ ‌

"... ဂျမ်မနိုင်းက LDRS တွေကို သဘောမကျဘူး ..  "

ပေးလိုက်တဲ့ အဖြေဟာလည်း ခပ်ပြတ်ပြတ်ပင်။

"... မကြိုးစားကြည့်ချင်ဘူးလို့ သူ မပြောခဲ့ဘူးလေ ..."

" အရင် relationship တုန်းက အဲလိုဖြစ်သွားလို့ သူလမ်းခွဲခဲ့တာ ဒယ်ဒီ ..."

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now