အပိုင်း ၃၂ - လွှမ်းမိုးသူလား ဒါမှမဟုတ် အလွှမ်းမိုးခံရသူလား

1.1K 70 46
                                    

♣♠UNICODE ♠♣
အပိုင်း ၃၂ - လွှမ်းမိုးသူလား ဒါမှမဟုတ် အလွှမ်းမိုးခံရသူလား

" မင်းလက်သည်းတွေတောင် ရှည်လာပြီ ... တကယ်တော့ မင်းက လက်သည်းရှည်ရှည်နဲ့ လိုက်ဖက်ပေမယ့် အခုတော့ ငါညှပ်ပေးချင်တယ်"

ဆေးရုံကုတင်ထက် အိပ်နေသယောင် မေ့မြောနေတဲ့ချစ်ရသူကို ကြည့်ရင်း သူရေရွတ်ကာ လက်သည်းညှပ်ကို ယူပြီး သူ ဂျမ်မနိုင်းရဲ့လက်ချောင်းလေးတွေကို ဆုပ်ကိုင်လိုက်သည်။ ဖြူဖျော့နေတဲ့လက်ချောင်းထိပ်လေးတွေကို သူညင်သာစွာ ကိုင်တွယ်ရင်း ကြည်လဲ့နေတဲ့လက်သည်းခွံရဲ့ထိပ်ဖျားက ရှည်ထွက်နေတဲ့အပိုင်းအစလေးတွေကို သူ ညှပ်ထုတ်ပေးမိသည်။

"ငါ့ကို တစ်ပတ်တောင် ပစ်ထားလိမ့်မယ်လို့ မတွေးဖူးဘူး ... ငါ့ကို မလွမ်းဘူးလား"

ဝမ်းနည်းအက်ကွဲနေတဲ့လေသံနဲ့ သူပြောမိတော့ တင်းခံထားတဲ့စိတ်က မျက်ရည်လည်ချင်လာသည်။ အငိုသန်တဲ့ကောင်လေးဟာ သူမဟုတ်ပါ၊ ဂျမ်မနိုင်းသာဖြစ်ပေမယ့် အခုတော့ သူဟာ ဂျမ်မနိုင်း ပြန်မနိုးလာတော့မှာကို တွေးမိတိုင်း ဝမ်းနည်းပက်လက်ဖြစ်နေရသည်။

လက်သည်းညှပ်ပေးတဲ့ကိစ္စ ပြီးသွားတာနဲ့ သူ ထိုလက်ချောင်းထိပ်ဖျားလေးတွေကို တယုတယနမ်းရှိုက်လိုက်မိရင်း ဂျမ်မနိုင်းရဲ့ပါးပြင်လေးကိုပါ ခပ်ဖွဖွလေး ထိတွေ့လိုက်မိသည်။

သူ ဂျမ်မနိုင်းကို သိပ်လွမ်းနေပြီလေ

"ငါစောင့်နေတယ်နော် ... ငါမင်းကို စောင့်နေတယ် ... ဂျမ်~~"

အဲဒီနောက် တံခါးဖွင့်သံကြားတာမို့ သူ လှမ်းကြည့်မိတော့ ဝင်လာသူက ရင်ရင်းပင်။ ရင်ရင်းက ဒီအတောအတွင်း သူနဲ့ဂျမ်မနိုင်းဆီ တော်တော်ရောက်ဖြစ်ပါသည်။ သူနဲ့လည်း တစ်ပတ်အတွင်း တော်တော်လေးရင်းနှီးတဲ့အနေအထားတစ်ခုကို ရောက်ခဲ့ပြီဆိုပေမယ့် ဂျမ်မနိုင်းနဲ့ ရင်ရင်းကြားက ဆက်ဆံရေးကို သူမေးမြန်းတာမျိုး မရှိသလို ရင်ရင်းကလည်း ဘာမှ စကားစမလာပါ။ ချစ်ရသူရဲ့ရည်းစားဟောင်းက အမြဲဒီကိုလာနေတတ်လို့ သဝန်တိုရမှာဆိုပေမယ့် သူ့မှာ သဝန်တိုဖို့တောင် အင်အားမရှိသေး။ ဂျမ်မနိုင်း သတိမြန်မြန်ပြန်လည်ဖို့ကိုသာ သူအရေးစိုက်ပါသည်။

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now