အပိုင်း ၀၆ - ဒီခွေးကို ကြောက်လွန်းလို့ ရူးသွားတာလား

888 71 14
                                    

⟨ Unicode Version ⟩
အပိုင်းခြောက် - ဒီခွေးကို ကြောက်လွန်းလို့ ရူးသွားတာလား

" အခြေအနေကတော့ အကုန်ကောင်းပါတယ် ဒါပေမဲ့ ကလေးက အကြောက်လွန်ပြီး အတိတ်ကဖြစ်ရပ်တွေ မေ့သွားတာမျိုးနဲ့တူတယ် ... ဦးခေါင်းကို ကြည့်မယ်ဆိုရင် ကားအက်စီးဒင့်ကြောင့် ရထားတဲ့ဒဏ်ရာကရှိသေးတော့ ဘယ်အချိန်မှ သူမေ့နေတဲ့အရာတွေကို သတိရမယ်ဆိုတာ အသေအချာ ပြောပြလို့မရနိုင်ဘူး ... "

" ... အန္တရာယ်ရှိနိုင်လားဆရာ ..."

" မစိုးရိမ်ပါနဲ့ မရှိပါဘူး ... အရမ်းမှတ်မိချင်လို့ အတင်းအကျပ်စဉ်းစားမှသာ အခုလို ခေါင်းကိုက်ပြီး မေ့လဲတာမျိုးဖြစ်မှာပါ ... ကလေးကိုလည်း အတင်းအကျပ်မလုပ်ယူဖို့ သတိပေးပေးပါ ... ပြန်မှတ်မိချင်တယ်ဆိုရင် အဲ့ဒီ့လိုအတင်းအကျပ်စဉ်းစားတာထက် သူသဘောကျတဲ့အလေ့အကျင့်တွေ၊ အတိတ်မှာ ခင်ခဲ့ဖူးတဲ့သူတွေနဲ့ များများထိတွေ့တာက ပိုပြီး မှတ်မိလွယ်စေပါတယ် အခုလောလောဆယ်တော့ သွေးအားနည်းနေတာမို့လို့ အိမ်ရောက်ရင် အပြည့်အဝအနားပေးလိုက်ပါ ...များများ အနားယူပြီး စိတ်ဖိစီးမှု မရှိဖို့ လိုအပ်ပါတယ်"

" ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ ..."

ဆရာဝန်နဲ့ စကားပြောပြီးတာနဲ့ ပါးပါးထွက်လာတော့ Gem ပါးပါးကို မေးခွန်းများစွာပါတဲ့အကြည့်နဲ့ ကြည့်မိသည်။ သူ အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် အဖြူကောင်ကတော့ ပျော့ခွေနေသေးသည်။

" သား Fourth ဘာဖြစ်တာလဲ ပါး "

သူသိချင်တဲ့မေးခွန်းကို မားက ကိုယ်စားမေးတော့ ပါးက ပြုံးရင်း သူ့ကို ကြည့်လာသည်။

" သွေးအားနည်းသွားတာပါ ... ဘာမှ မဖြစ်ပါဘူး ... များများ အနားယူဖို့ပဲလိုတာတဲ့ သားက ညီလေး Fourth ကို များများ ဂရုစိုက်ပေးလိုက်နော် ... သား မကြိုက်တာ ပါးပါးတို့မလုပ်သလို ပါးပါးတို့ မကြိုက်တဲ့အနိုင်ကျင့်တာမျိုးကိုလည်း မလုပ်ပါနဲ့ "

ဒီတစ်ခါတော့ သူတိတ်ဆိတ်စွာ ပါးရဲ့စကားကို နာခံရင်း Fourth ရှိနေတဲ့အခန်းဆီ အတူတူ လျှောက်လာမိသည်။ Ford ကတော့ အစောပိုင်းလေးကတင် အစ်ကိုဖြစ်သူလာကြိုလို့ ပြန်သွားနှင့်ပြီဖြစ်သည်။ အခုတော့ ဆေးရုံမှာ ကျန်ရှိတာဆိုလို့ သူတို့မိသားစုသာ ဖြစ်သည်။

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now