အပိုင်း ၁၂ - သူစိမ်းတွေဖြစ်ဖို့ တရားဝင်ကြေညာသွားခဲ့သည်

648 65 18
                                    

⟨ Unicode Version ⟩
အပိုင်း ၁၂ - သူစိမ်းတွေဖြစ်ဖို့ တရားဝင်ကြေညာသွားခဲ့သည်

စိတ်ဆိုးမာန်ဆိုးနဲ့ Fourth ကို တွဲကာ ထွက်သွားတဲ့ Gem ကိုကြည့်ပြီး Mark  သူ့မျက်နှာပေါ်က အပြုံးတွေကို ဖျောက်ပစ်လိုက်မိသည်။ အဲဒီနောက် လူကျလာတဲ့ ဆိုင်ကို Satang နဲ့ ထားခဲ့ပြီး ဘယ်သူမှ မသိတဲ့သူ့ရဲ့ကိုယ်ပိုင်နေရာဆီ ပြန်ဖို့ ဆုံးဖြတ်မိသည်။ ကားသော့ကိုင်ရင်း ဆိုင်ထဲက အထွက်မှာ ရုတ်တရက် မျက်ဝန်းထောင့်ကနေ လှုပ်စိလှုပ်စိ တရှုံ့ရှုံ့လုပ်နေတဲ့ကောင်လေးတစ်ယောက်ကို တွေ့လိုက်တဲ့အတွက် သူကိုယ်ရှိန်သတ်လိုက်မိသည်။

"...."

" ... !"

ဆိုင်အနားမှာ ခိုးကြောင်ခိုးဝှက် ဆောင့်ကြောင့်လေးထိုင်ကာ ခေါင်းငုံ့ထားသည်မို့ မသင်္ကာစွာ သူ အနားတိုးကပ်မိသည်။  သူ ထိုင်းကို ရောက်နေတာ တစ်ဖက်အဖွဲ့က သိသွားလို့များ သူ့ကို အန္တရာယ်ပြုဖို့လွှတ်လိုက်တာလား သူတွေးထင်မိသွားသည်။ ထို့ကြောင့် Mark တိတ်တိတ်လေး သွားကာ ဖမ်းဖို့ ကြိုးစားတော့ ရုတ်တရက် မော့ကြည့်လာတဲ့ ထိုကောင်လေးက သူ့ကို မြင်တာနဲ့ ပြေးပွေ့ဖက်တော့သည်။

" P'Mark..."

ဝမ်းနည်းစွာ ထွက်ပေါ်လာတဲ့အသံက ဘယ်သူ့အသံလဲ မှန်းစရာမလိုအောင် သိနေပြီးသားမို့လို့ သူ စိတ်အေးစွာ သက်ပြင်းချရင်း တရှုံ့ရှုံ့လုပ်လာတဲ့ကောင်လေးကို ကျောပြင်လေးပွတ်သပ်ပေးမိသည်။ တော်သေးတာပေါ့၊ သူထင်နေတဲ့လူမဟုတ်ခဲ့လို့။

" Ford ဘယ်လိုဖြစ်လာတာလဲ"

မူးနေတာ အရှိန်မပြေသေးဘူးဆိုတာ သိတဲ့အပြင် အစ်ကိုကြီးရဲ့အမိန့်ကြောင့်ပြန်သွားရတာဆိုတော့ တစ်ခုခုဖြစ်လာပုံရသည်မို့ သူချော့ပြောမိသည်။ Ford က အစ်ကိုကြီးကို ကြောက်တာ သူလည်း သိထားသည်မို့လို့လေ။

"P'Mark... ကျွန်တော် အိမ်ပေါ်ကဆင်းလာပြီ P'Mark... အစ်ကိုကြီးက ... အစ်ကိုကြီးက ကျွန်တော်လုပ်ချင်တာတွေလုပ်ခွင့်မပေးဘူး ... ကျွန်တော်ချစ်ချင်တဲ့လူကိုတောင် ချစ်ခွင့်မပေးဘူး ..."

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now