အပိုင်း ၂၆ - မင်း ငါ့ကို ဒီလိုစိတ်မပူပေးတော့ဘူးထင်နေတာ

840 50 6
                                    

♣♠UNICODE ♠♣
အပိုင်း ၂၆  - မင်း ငါ့ကို ဒီလိုစိတ်မပူပေးတော့ဘူး ထင်နေတာ

" P'Gemini ဘွဲ့ရသွားတာကို ဂုဏ်ပြုပါတယ် ..."

VVIP Private Roomထဲမှာ ကျင်းပနေတဲ့ သူ့ရဲ့ဂုဏ်ပြုပွဲလေး။ ရင်းနှီးတဲ့သူတွေအများစုသာရှိပြီး စိမ်းသက်သက်အပြင်လူတွေ မပါသလို အနုပညာရပ်ဝန်းထဲက ဗရုတ်ကျမယ့်သူတွေလည်းမပါ။ ဒီရပ်ဝန်းထဲမှာ သူ့ကို စောင့်ရှောက်ပေးကြတဲ့ စီနီယာအစ်ကိုတွေ၊ မန်နေဂျာတွေ၊ ဒါရိုက်တာတွေ၊ စတိုင်လ်လစ်တွေနဲ့ တခြားမိတ်ကပ်ဆရာတွေ၊ ဂျူနီယာတွေသာ ရှိသည်မို့ လွတ်လွတ်လပ်လပ်ပျော်ပါးနိုင်သည်ပင်။ ဒီလို အေးအေးဆေးဆေး ပျော်နိုင်ဖို့အတွက်ကလည်း သူ့မန်နေဂျာက စီစဉ်ပေးခဲ့တာပင်။

"... ဒီစားသောက်ဆိုင်က ဟောင်ကောင်သူဌေးဖွင့်ထားတာလေ တော်တော်လေး လက်ရာကောင်းတယ် ... ဘိုကင်ရဖို့လွယ်တာမဟုတ်ဘူး mae ဘယ်လိုများချိတ်လိုက်တာလဲ ... ကျွန်တော်လည်း ကျွန်တော့်မွေးနေ့ကို ဒီမှာလုပ်ချင်တာ ..."

ဂျူနီယာတစ်ယောက်ကmaeဆီ တီးတိုးကပ်ပြီးမေးလာတော့ သူက စကားဝိုင်းထဲမပါပါဘဲနဲ့ကို အတိုင်းသားကြားနေရသည်။

"...စစချိတ်တုန်းက မရဘူး ... ဒီနေ့မှာ သူတို့အတွက် အရေးကြီးတဲ့ဧည့်သည်တွေ ပြည့်နေတယ်လို့ပြောတယ် ဒါပေမဲ့  နောက်တော့ ပြန်ဆက်သွယ်လာတာမို့ ဒီအခန်းကိုရခဲ့တာ ... ကြည့် ... ဟိုဘက်ကနေဆို ဘန်ကောက် night view ကို ကောင်းကောင်းမြင်ရတယ်လေ ..."

"... ဟုတ်တယ် ... ဒီပိုင်ရှင်က ထိုင်းလူမျိုးပဲလေ ... ဒါပေမဲ့ ဘယ်သူမှန်းတော့မသိဘူး ... တခြားစီးပွားရေးလုပ်ငန်းတွေလည်း ရှိတယ်လို့ကြားတယ် ..."

" ရုတ်တရက်ကြီး မင်းက စီးပွားရေးလုပ်ငန်းကိုပါ စိတ်ဝင်စားနေတာလား..."

"... ကျွန်တော်က စီးပွားရေးမေဂျာလေ ဟား...ဟား"

"...တော်တော်ဟုတ်တဲ့ကောင်!"

"ဒါနဲ့ ဂျမ်မနိုင်း ... Fourth ဆီက အဆက်အသွယ်ရကြသေးလား "

Can't Be Brother [ Gemini × Fourth ]Where stories live. Discover now