အပိုင်း(၃၇၆) ဒီခွေးက အံဩစရာပဲ

Start from the beginning
                                    

..........................

အရည်အချင်းစစ် အကဲဖြတ် စင်တာသို့ အစိမ်းရောင် ခွေးတစ်ကောင် ပေါ်လာချိန်တွင် ဆယ့်တစ်နာရီ နီးပါးရှိပြီ ဖြစ်သည်။

ဤနေရာက မြို့လယ်ရှိ ဝိညာဉ်သားရဲ အရည်အချင်းစစ် အကဲဖြတ်ရေးဌာန ဖြစ်သည်။

၎င်းသည် ဝိညာဉ်ကျောက်တုံး မျိုးစုံဖြင့် ထူထပ်စွာတည်ဆောက်ထားသည့် ဧရာမ ကြက်ဥပုံသဏ္ဍာန် အလှဆင်ထားသော အလွန်တရာ ခံ့ညားသည့် အဆောက်အအုံ တစ်ခုဖြစ်သည်။

ထွင်ထျန်းဟာက နှစ်ကြိမ် သုံးကြိမ် ခုန်လိုက်သည်နှင့် မှန်တံခါးဝဆီသို့ တမဟုတ်ချင်း ရောက်ရှိသွားသည်။

အဆောက်အဦးထဲကို မဝင်ရသေးသော်လည်း အတွင်းထဲကနေ ဆူညံသံများကို ကြားနေရသည်။

ဧည့်ခံကောင်တာရှေ့တွင် အရည်အချင်း အကဲဖြတ်မှုကို ခံယူရန်အတွက် စိတ်ဝိညာဉ် သားရဲများနှင့်အတူ စောင့်ဆိုင်းနေသော ကျင့်ကြံသူ လူတန်းရှည်ကြီး ရှိသည်။

ယင်းက ထွင်ထျန်းဟာ မျှော်လင့်ထားသည် နှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။

၎င်းရှေ့ရှိ ဝိညာဉ်သားရဲများမှာ သာမန်ထက် သာလွန်နေသည်။

ထွင်ထျန်းဟာ အရှေ့တွင် တန်းစီနေသည်မှာ အနီရဲရဲ ဦးထုပ်ကို ဆောင်းထားသည့် ဆယ်ကျော်သက်အရွယ် ဝိညာဥ်သားရဲ ပိုင်ရှင် ဖြစ်၏။

၎င်း၏ ဝိညာဥ်သားရဲမှာ ရှားပါးသည့် ဝိညာဉ်သားရဲလိပ်ပြာ ဖြစ်သည်။

ဤလိပ်ပြာက ဆယ်ကျော်သက်၏ ပခုံးပေါ်၌ နာခံမှုရှိစွာဖြင့် မလှုပ်မယှက် တည်ရှိနေခဲ့သည်။

ထွင်ထျန်းဟာက လူတန်းရှည်၏ အဆုံးတွင် ရှိနေ၏။

သူက လိပ်ပြာသားရဲကို တွေ့လျှင် ချက်ချင်းပင် ချွေးများ ထွက်လာသည်။

၎င်းက ရှားပါးသော ဝိညာဉ်သားရဲ လိပ်ပြာ ဖြစ်နိုင်သော်လည်း ထွင်ထျန်းဟာ အနေဖြင့် ၎င်း၏ ဝိညာဉ်လိပ်ပြာမျိုးစိတ်ကို အတိအကျ မပြောနိုင်ခဲ့ပေ။

..............

ကျင့်ကြံရေး လောကတွင် ဝိညာဥ်သားရဲများကို အမျိုးအစားခွဲခြားခြင်း လုပ်ငန်းစဥ်မှာ ရှုပ်ထွေးလွန်းလှသည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now