အပိုင်း(၃၇၃) အထက်တန်းလွှာမှ ထိပ်တန်းကျောင်းသား

Начните с самого начала
                                    

တကယ်တမ်းတွင် သူ့စားပွဲခုံက ကော်ဟောက်၏ ဘေးတွင်ဖြစ်၏။

ဝမ်လင်းက လူအုပ်ကြီး၏ နှောက်ယှက်ခြင်းကို ခံရသည့် ခံစားချက်ကို အမှန်တကယ် မုန်းတီးသောကြောင့် ခပ်ဝေးဝေးတွင်သာ နေပြီး ချန်းချောင် နှင့်အတူ ရှိုးကို ကြည့်ရှုခဲ့သည်။

"အခုအဆင်ပြေရဲ့လား"

"မင်းရဲ့ ဝိညာဉ်စွမ်းအင်ကို တံဆိပ်ခတ် ခံလိုက်ရတော့ ဘယ်လိုခံစားရလဲ"

တစ်စုံတစ်ယောက်က မေးလိုက်သည်။

ကော်ဟောက်က လေးလေးနက်နက် စဉ်းစားဟန်ပြုပြီးမှ ပြန်ဖြေလိုက်သည်။

"ဟမ့်.. ဒါက ပထမဆုံးအကြိမ် ဝိညာဉ်စွမ်းအားကို တံဆိပ်ခတ်ခံရတာဆိုတော့ နည်းနည်းတော့ အားပျက်သလိုခံစားရတယ်"

"ဘယ်လိုမျိုးလဲ"

"မာကျောက်ကစားဖို့ မက်ထရွန် သစ်သားရုပ်လေးကို ရွှေ့လိုက်တဲ့အချိန်မှာ သစ်သားရုပ်လေးထဲမှာ ထည့်ထားတဲ့ အသားလုံးလေးရဲ့ မူးဝေတဲ့ ခံစားချက်မျိုးကို မင်းတို့ကြုံဖူးလား"

".............."

ကော်ဟောက်က သူ့ပတ်ဝန်းကျင်မှ နာကျင်နေသော အမူအရာများကို မြင်သောအခါ ရယ်မောလိုက်သည်။

"နောက်တာပါ.. ဒါက တကယ်တော့ မပြင်းထန်ပါဘူး.. ရုတ်တရက် ဝိညာဉ်စွမ်းအင်တွေ ဆုံးရှုံးသွားသလို ခံစားရရုံပါပဲ.. ဒါကြောင့် အခုချိန်မှာ ငါက သာမန်လူတစ်ယောက်လိုပါပဲ..  လှေကားထစ် တက်ဖို့တောင် အတော် အားစိုက်ထုတ်နေရတယ်"

အမှန်တကယ်တွင် ဝိညာဉ်တံဆိပ်ခတ်ထားခြင်းဖြင့် အခြေခံ တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူနှင့် သာမန်လူ တစ်ဦးကြားရှိ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ကွာခြားချက်ကို မြင်နိုင်သည်။

ကော်ဟောက်က လက်ရွေးစင် ကျောင်းသားဖြစ်သော်လည်းကျင့်ကြံမှု စွမ်းရည်အရ သာမန်သာဖြစ်၏။

သူသည် အလွန်တရာ သန်မာသောသူ မဟုတ်ပေ။

တစ်မြို့လုံးရှိ အခြေခံ တည်ထောင်ခြင်း အဆင့် ကျောင်းသားများထဲတွင် သာမန်ထက် အနည်းငယ် သာလွန်ရုံသာ ဖြစ်သည်။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝМесто, где живут истории. Откройте их для себя