အေမီကိုမြင်တော့ မက်ဒါနာက ပါးစပ်ကိုဟလိုက်ပြီးတစ်လုံးချင်း ပြောလိုက်ပါတယ်။ "အေမီ၊ နင်ငါ့ကို စိတ်မပျက်ဘူးလား။"


 အေမီကတော့ ပြုံးထားဆဲပဲ။ သူ့အပြုံးကိုမြင်တော့ မက်ဒါနာက ထိန်းမထားနိုင်တော့ဘဲ ငိုချမိတယ်။ အေမီကတော့ လက်ချောင်းလေးတွေနဲ့မက်ဒါနာရဲ့မျက်ရည်တွေကို ဖယ်ရှားပေးလိုက်ပါတယ်။


 "ကျွန်မက သခင်မလေးကို ဘယ်လိုလုပ်ပြီး စိတ်ပျက်နိုင်မှာလဲ။ သခင်မလေးက ကျွန်မအတွက် အရာရာပါ။" အေမီက ပြောလိုက်တယ်။ မက်ဒါနာက အေမီနဲ့အကြည့်ချင်းမဆုံမိအောင် ကြိုးစားနေပေမဲ့ အေမီကတော့ မက်ဒါနာရဲ့မျက်လုံးအိမ်ကို စေ့စေ့လိုက်ကြည့်နေတယ်။


 "အေမီ၊ ငါက နင့်အတွက် ပြီးပြည့်စုံတဲ့ သခင်မလေးတစ်ယောက်မဟုတ်ဘူးနော်။" မက်ဒါနာက မျက်လွှာချထားလိုက်ပြီး အေမီကိုပြောလိုက်တယ်။ တစ်ချိန်တည်းမှာပဲ မက်ဒါနာရဲ့လက်တွေက အေမီရဲ့ပခုံးကို တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။ အေမီကို သူမျက်နှာချင်းမဆိုင်ရဲပေမဲ့ တစ်ချိန်တည်းမှာပဲ အေမီထွက်သွားမှာကို မလိုလားပြန်ဘူး။


 သူတို့အထက်မှာတော့ မြွေနဂါးနဲ့ကျားဖြူရဲ့တိုက်ပွဲက ရှေ့ဆက်နေဆဲပါ။ အေမီက သခင်မလေးရဲ့လက်တွေကို ပြန်ဆုပ်ကိုင်လိုက်တယ်။ အခုသူတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက် ဖွဖွလေးဆုပ်ကိုင်ထားမိကြတယ်။


 "သခင်မလေးက မပြိးပြည့်စုံတာကြောင့်ပဲ ကျွန်မကိုလိုအပ်နေခဲ့တာမဟုတ်လား။ ဒါကြောင့် ကျွန်မက ပြီးပြည့်စုံတဲ့ မမလေးကို မလိုချင်ပါဘူး။ ကျွန်မကို လိုအပ်နေမယ့် မပြီးပြည့်စုံတဲ့ မမလေးကိုပဲလိုချင်ပါတယ်။" မျောလွင့်နေရင်းကနေ သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေက ပိုပြီးနီးကပ်လာတယ်။


 "ဒါ... ဒါပေမဲ့ ငါက အမြဲအရှုပ်တွေလုပ်မိနေပြီးတော့အမြဲတမ်း နင်ပဲလိုက်ရှင်းနေရတာမဟုတ်လား။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now