V7 Chapter 14

58 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 14 - အရှုံးကိုဝန်ခံခြင်း

"ဒီအခန်းက တခြားအခန်းတွေနဲ့ လုံးဝမတူဘူးပဲ။" မက်ဒါနာက အခန်းတစ်ခန်းကို ထပ်ရှင်းပြီးတဲ့နောက်
ရှေ့မှာထပ်ရှိနေတဲ့ အခန်းထဲကို ဝင်လိုက်တယ်။ ဒီတစ်ခါတော့ သူ့ဝတ်စုံစနစ်က ရန်သူတွေအများကြီးရှိနေတာမပြတော့ဘူး။ အဲဒီအစား ဗလာဖြစ်နေတဲ့ လဟာပြင်ကျယ်ကြီးထဲမှာ အင်မတန်ကြီးမားလှတဲ့ ပိုးကောင်ကြီးတစ်ကောင်ကိုသာ တွေ့ရပါတယ်။

"အဲဒါက မျိုးပွားမိခင်လား။" ဖလေရာက မေးလိုက်တယ်။ သူတို့ရှေ့မှာရှိနေတဲ့ ဧရာမပိုးကောင်ကြီးက လှုပ်ရှားမှုမရှိတော့ပါဘူး။ နောက်တော့ သူတို့ခြေသံစကြားရတယ်။ အမှောင်ထုထဲကနေ လူတစ်စုက သူတို့ဆီကို လှမ်းလာနေပါတယ်။

ဖြောင်း... ဖြောင်း... ဖြောင်း....

"အထင်ကြီးစရာပဲ၊ မြေအောက်သားဖောက်ခန်း ၉ ခုကို တစ်ခုငါးမိနစ်နှုန်းနဲ့ရှင်းနိုင်တဲ့ စံချိန်မျိုးက ဖက်ဒရေးရှင်းမှာတောင်မရှိဘူး။"

လက်ခုတ်တီးသံထွက်ပေါ်လာတဲ့နေရာကို သူတို့စိုက်ကြည့်တော့ လူလေးယောက်က သူတို့ဆီကို ဦးတည်ပြီးလာနေပါတယ်။ တစ်ယောက်က လေးကိုင်ထားတယ်။ တစ်ယောက်ကတော့ သံကြိုးတပ်ဆူးလုံးကြီးကို လက်နက်အဖြစ်ကိုင်ထားတယ်။ တတိယတစ်ယောက်က ဒိုင်းနဲ့လှံကို စပါတန်တွေလိုကိုင်ထားပြီး နောက်ဆုံးနဲ့ ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့လူကတော့ ပုဆိန်ကိုင်ထားပါတယ်။

"ဒီလူတွေက ဝဲလ်ဆင်ရဲ့အထူးတပ်ဖွဲ့တွေမဟုတ်လား။" ဖလေရာက ပြောလိုက်တယ်။ မက်ဒါနာလည်း မျက်မှောင်ကြုတ်လိုက်ပြီး "သူတို့ထဲကနှစ်​ယောက်နဲ့ ငါရင်ဆိုင်ဖူးတယ်။ ဝတ်စုံတွေက သိပ်အားမကောင်းပေမဲ့ ဂရုစိုက်တာကောင်းမယ်။" အားလုံးခေါင်းညိတ်လိုက်တယ်။

ပုဆိန်နဲ့လူကတော့ သူတို့စကားပြောနေတာတွေကို နားထောင်ရင်း ရယ်မောလိုက်ပါတယ်။ "စိတ်မကောင်းစရာက ပိုးကောင်ဗိုလ်ချုပ်က မင်းတို့မလာခင် မိနစ်အနည်းငယ်လောက်ကတည်းက မွေးပြီးသွားပြီ။"

ဂါး....

ရုတ်တရက် ပုဆိန်နဲ့လူရဲ့နောက်ကနေ ငွေရောင်ကွင်းဆက်အခွံမာတွေအပြည့်နဲ့ လူနှစ်ရက်စာလောက်မြင့်တဲ့ သစ်ဆွေးပိုးကြီးတစ်ကောင် ခုန်ထွက်လာတယ်။ မြန်လွန်းလို့ သူတို့ပြန်မတုံ့ပြန်နိုင်လုနီးပါးပဲ။ ကံကောင်းတာက ဖရက်နဲ့ဓားနတ်ဆိုးတို့ ပြေးထွက်လာပြီး အကောင်ကြီးရဲ့တိုက်ကွက်ကို တားလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now