V9 Chapter 7

33 3 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 7 - အလစ်တိုက်ခိုက်မှု


 သူတို့ရီယိုဒီဂျနေးရိုးကို ပြန်ရောက်တော့ ​နေမင်းကြီးက အနောက်ဘက်ကောင်းကင်ယံမှာ မေးတင်နေ​ပါပြီ။ သုံးယောက်လုံးက ဆိပ်ကမ်းနံဘေးမှာဆောက်ထားတဲ့ လမ်းမကြီးထက်က လူသွားပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေကြတာ။ လီဆာက ရှေ့ဆုံးက ခပ်သွက်သွက်လျှောက်နေပြီး ဆိပ်ကမ်းပြာကို အမြန်ဆုံးပြန်ရောက်ဖို့ အားထုတ်နေတယ်။


 မက်ဒါကတော့ နောက်ကနေလိုက်ရင်းက မောလာတဲ့အတွက် မြန်မြန်လျှောက်ရာကနေ ပြန်နှေးလိုက်တယ်။ ဒါကြောင့် အေမီက သူ့ကိုလိုက်မီလာတယ်။


 "မမလေး၊ မောနေပြီလား။ ဆက်မလျှောက်တော့ဘဲ တက္ကစီငှားမလား။ ဒါမှမဟုတ် ခနလောက်နားကြမလား။"


 မက်ဒါနာရဲ့ငွေရောင်သေတ္တာနဲ့အနက်ရောင်သေတ္တာနှစ်လုံးလုံးကို ကိုင်လာတဲ့အေမီက မက်ဒါနာနဲ့ဘေးချင်းယှဥ်လျှောက်နေရင်းကနေ မေးလိုက်တော့ မက်ဒါနာက ခေါင်းခါပြလိုက်လေရဲ့။


  "ဘာမှမဖြစ်ပါဘူး။ ငါ လျှောက်နိုင်ပါသေးတယ်။" လို့ပြောလိုက်သေးတယ်။ အေမီကတော့ ရှေ့ကနေ ဦးဆောင်လျှောက်နေတဲ့ လီဆာကိုလှမ်းကြည့်လိုက်လေရဲ့။ ရုတ်တရက် ကမ်းခြေဘက်က တိုက်လေကြောင့် အေမီရဲ့ဆံပင်ရှည်တွေ မျောပါကုန်တာကြောင့် မျက်နှာကိုကွယ်နေတဲ့ ဆံစတွေကို လက်နဲ့ဖယ်ရှားရတော့တာပေါ့။ 


 "မမလေး၊ သူ့ကိုချော့ဖို့ တစ်ခုခုပြောသင့်တယ်လို့ မထင်ဘူးလား။ ဆိပ်ကမ်းပြာကိုပြန်ရောက်မှ ပြောမယ်ဆိုရင် စိတ်ပြန်လည်လာဖို့ ကြာလိမ့်မယ်ထင်တယ်။"


 မက်ဒါနာ အေမီရဲ့အကြံပေးချက်ကို နားထောင်ပြီးတဲ့နောက် နားထင်ကို လက်နဲ့သာသာလေးပွတ်လိုက်တယ်။ နောက်တော့ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ငါကြိုးစားကြည့်လိုက်ဦးမယ်။"လို့ ခွန်းတုံ့ပြန်ပါတယ်။

I just Wanna be Hero, not Heroine (Season 2)Kde žijí příběhy. Začni objevovat