V7 Chapter 37

46 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 37 - ရေကန်ထဲက ဓား

သဘောတူညီချက်ရပြီးတဲ့နောက် နေ့လယ်မှာတော့
အာသာရီယာက မက်ဒါနာကို စံအိမ်အနီးတောအုပ်ထဲက ရေကန်တစ်ကန်ဆီကို ခေါ်လာတယ်။ ရေကန်က မြို့နေလူထုနဲ့သိပ်မဝေးပေမဲ့ လူသွားလူလာနည်းပြီး တမင်သက်သက် လူမလာအောင်လုပ်ထားသလိုထင်ရပါတယ်။ အာသာရီယာက ကားပေါ်ကနေ ရေကန်ပတ်လည်ကို စူးစမ်းနေတဲ့ မက်ဒါနာကို ကြည့်ပြီးပြောလိုက်လေရဲ့။

"ဒီရေကန်က ငါတို့ပန်ဒရာဂွန်မိသားစု ဘိုးစဥ်ဘောင်ဆက် ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ရေကန်ပဲ။ ငါတို့ခွင့်ပြုချက်မရှိဘဲ ဗြိတိန်တော်ဝင်မိသားစုတောင် ဝင်ခွင့်မရှိဘူး။"

နောက်တော့ သူတို့ကားက ရေကန်နားက တောလမ်းအဆုံးမှာ ရပ်လိုက်ပြီး သားရဲလေးကောင်လုံး ကားပေါ်ကနေ ဆင်းလိုက်တယ်။ မက်ဒါနာလည်း လိုက်ဆင်းရတော့တာပေါ့။ ရှုခင်းကတော့ တကယ့်ကို သာယာပါတယ်။ ရေကန်နားက ကမ်းခြေမှာ သစ်ရွက်ခြောက်တွေနဲ့ပြည့်နေပြီး ကန်ရေကလည်း ထင်မထားလောက်အောင် ​ကြည်လင်ပြီး အောက်ခြေကို မြင်နေရတယ်။

"ဘုရင်အာသာကို ရေကန်စောင့်နတ်သမီးက ရေကန်ထဲက ဓားကိုပေးတဲ့ပုံပြင် ကြားဖူးတယ်မလား။"

မက်ဒါနာက ခေါင်းညိတ်ပြလိုက်တယ်။ အာသာရဲ့ဒဏ္ဍာရီကို မကြားဖူးတဲ့သူဆိုလို့ တော်တော်ရှားပါတယ်။ သစ်တောထဲက အနက်ရောင်စစ်သည်ကြောင့်
ဘုရင်အာသာရဲ့ကျောက်တုံးထဲကဓား ကျိုးသွားတော့ မာလင်က အာသာကို ရေကန်ဆီခေါ်လာပြီး ကန်စောင့်နတ်သမီးဆီက ဓားကိုယူခိုင်းတယ်လေ။

အော်သာရီယာက ရေကန်ကို လက်ညိုးနဲ့ညွန်ပြရင်း ပြောလိုက်တယ်။ "အဲဒီရေကန်က ဒီရေကန်ပဲ။ ပြီးတော့ ငါတို့ဘိုးဘေးတွေက ရေကန်ထဲကဓားကိုလည်း ရေကန်ထဲမှာ ပြန်ထားထားတယ်။ ရေကန်ထဲက ဓားကိုဆယ်နိုင်တဲ့သူကိုပဲ ငါတို့အစွမ်းတွေလွှဲပေးဖို့ စဥ်းစားပေးနိုင်မယ်။"

မက်ဒါနာက ရေကန်ရဲ့အနက်ကို ချိန်စကြည့်လိုက်တယ်။ ကန်အောက်ခြေကို ရှင်းရှင်းလင်းလင်းမြင်နေရပေမဲ့ ဘယ်လောက်နက်လဲတော့ သူမဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံနဲ့ဆိုရင်တော့ ဖြစ်နိုင်တယ်မဟုတ်လား။ ဒါကြောင့် သူ့ဝတ်စုံကို ကားထဲကနေ ထုတ်တော့မယ့်အချိန်မှာပဲ အာသာရီယာက တားဆီးလိုက်တယ်။

I just Wanna be Hero, not Heroine (Season 2)Där berättelser lever. Upptäck nu