V8 Chapter 27

34 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 27 - ရင်ခွင်ပိုက်အုပ်ချုပ်ရေး


 "ဟော၊ ဒီဝတ်စုံကလည်း ကွက်တိပဲ။" မက်ဒါနာက အေမီထုတ်ထားတဲ့ ပွဲတက်ဝတ်စုံကို ဝတ်ကြည့်ရင်း မှန်ထဲကြည့်လိုက်တယ်။ ဒီတစ်ခါတော့ တရုတ်ပိုးထည်အင်္ကျီ​အနီဖြစ်ပြီးတော့ ရိုးရာပုံစံကိုမှ ခေတ်ဆန်အောင်ချုပ်ထားတယ်။ ဟန်းဖုစကတ်နဲ့လက်တစ်လုံးလောက်လွတ်နေတဲ့ ခါးတိုအင်္ကျီလေးဆိုပါတော့။


 မက်ဒါနာက အသားဖြူတော့ ဒီဝတ်စုံနဲ့အတော်လိုက်ဖက်ပါတယ်။ ပြီးတော့ အခုမက်ဒါနာက ရွှေရောင်ဆံပင်အတုကြီးကို စွပ်မထားတော့ဘူး။ ခါးလယ်အထိရှည်နေတဲ့ မူရင်းငွေရောင်ဆံသားတွေကို ဒီအတိုင်းထုတ်ဖော်ထားပါတယ်။ အခုအခြေအနေအရဆိုရင် သူ့အနေနဲ့ ပေါ်လီယာနာအဖြစ် ရုပ်ဖျက်စရာ မလိုတော့ပါဘူး။


 အဝတ်လဲပြီးထွက်လာတော့ တခြားသူတွေလည်း အသင့်ဖြစ်နေကြပြီ။ ဖလေရာက စမတ်ကျတဲ့ အပြာရောင်ပွဲတက်ဝတ်စုံနဲ့ဖြစ်ပြီး လင်ဒါက အနက်ရောင်ပါ။ ဖရာလီတာကတော့ တော်ဝင်မျိုးတွေဝတ်တဲ့ ဂါဝန်အတွန့်ကိုမှ နှင်းဆီပန်းပုံအနီနဲ့အနက်ဖောက်ထားတာမျိုးဝတ်ထားတာ။ ဆိုဖီယာကတော့ သက်ပြင်းတစ်ချချနဲ့ပါ။


 "ဒီလောက်သက်ပြင်းတွေချနေပုံပေါက်တော့ ခန္ဓာကိုယ်ခြင်း ပြန်လဲလိုက်ကြပုံပဲ။" မက်ဒါနာက မေးလိုက်တော့ ဆိုဖီယာက ခေါင်းညိတ်ပြပါတယ်။


 "ဖြစ်နိုင်ရင် ငါလည်းလင်ဒါရဲ့ခန္ဓာကိုယ်ကို အကြာကြီးထိန်းချုပ်ပြီး လျှောက်ကစားမလို့ပဲ။ ဒါပေမဲ့ ငါတို့နှစ်ယောက်လုံးအတွက်မကောင်းဘူးလေ။ ဝိညာဥ်​ဆိုတာမျိုးက ခန္ဓာကိုယ်ကနေ အချိန်အကြာကြီးခွာလို့ရတာမျိုးမဟုတ်ဘူး။"


 မက်ဒါနာက ပထမဆုံး နှုတ်ခမ်းပေါ် လက်ချောင်းလေးတစ်ချောင်းတင်ပြီးစဥ်းစားတယ်။ နောက်တော့ ဘဝင်မကျတာနဲ့ ဆိုဖီယာနားကပ်လာပြီး ချိုင်းကနေ ဆွဲမြှောက်ကာ မေးလိုက်ပါတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now