V7 Chapter 11

51 8 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 11 -

မကြာခင်မှာပဲ သူတို့ဘင်ကားက ဖားလေးတို့ရှာတွေ့ထားတဲ့ မိလ္လာမြောင်းပေါက်နားကို ရောက်လာတယ်။
ကားမောင်းဖို့တာဝန်ယူထားတဲ့ ဟယ်ရီက ကားကိုရပ်လိုက်ပြီး ဘင်ကားနောက်မှာ လူတွေသတိမထားမိစေဖို့ အတတ်နိုင်ဆုံးကြိုးစားရင်း လိုက်လာတဲ့ချေမှုန်းရေးအုပ်စုကို ခေါင်းညိတ်ပြပါတယ်။

"စစ်ဆင်ရေးစရမယ့်နေရာကိုရောက်ပြီ၊ အားလုံးဆင်းလို့ရပါပြီ။"

ဟယ်ရီက ဘင်ကားနောက်တံခါးကို သော့လာဖွင့်ပေးတယ်။ ဖရက်က တံခါးပွင့်သွားပြီးပြီးချင်း ဆင်းလိုက်ပြီး ကျန်တဲ့သူတွေက နောက်ကနေလိုက်ဆင်းတယ်။ မက်ဒါနာက မယ်လီကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ မယ်လီကလည်း သူ့ကို လက်မပြန်ထောင်ပြတယ်။ ဖရက်ရယ်၊ မက်ဒါနာရယ်၊ မယ်လီရယ်က ကျောင်းနေဖော်နေဘက်တွေပါ။ အခုသူတို့က တူညီတဲ့ မစ်ရှင်တစ်ခုတည်းမှာ ရှိနေကြပြီ။ မက်ဒါနာက ကျောင်းတုန်းက ကိစ္စတွေကို ပြန်စဥ်းစားကြည့်ပြီးနောက် သူတို့အုပ်စုထဲမှာ တင်မီဆိုတဲ့ကောင်တစ်ယောက်ပဲ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိသေးမှန်း သတိထားမိလိုက်တယ်။ ကျန်တဲ့သူတွေက သူ့ဟာနဲ့သူ အဆင်ပြေနေကြပြီ။

"မင်းတို့က အောက်ဆင်းမှာဆိုပေမဲ့ ငါတို့ကတော့ လိုက်လို့မရဘူး။ မင်းတို့အတွက် အမှတ်မှတ်ထားတဲ့ လမ်းညွန်မြေပုံပေးလိုက်မယ်။ ငါတို့ကတော့ မြေပေါ်မှာပဲ တိုက်ပွဲနားကို သာမန်လူတွေရောက်မလာအောင်ကာကွယ်ပေးမယ်။"

ဟယ်ရီက အစီအစဥ်ကိုရှင်းပြရင်း မြေအောက်က မိလ္ဘာလမ်းကြောင်းတွေအကြောင်း အသေးစိတ်ပါတဲ့ မြေပုံကို မက်ဒါနာဆီ ပေးလိုက်ပါတယ်။ မက်ဒါနာက မြေပုံကို ဝတ်စုံစနစ်ထဲ ဒေါင်းလိုက်ပြီး ငွေရောင်စစ်သည်ဝတ်စုံထဲ ဝင်လိုက်တယ်။ ကျန်တဲ့သူတွေလည်း တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြပါပြီ။

"သွားကြတာပေါ့။" ငွေရောင်စစ်သည်က ပြောလိုက်ပြီးတဲ့နောက် Neon Valkyrie ဝတ်စုံဝတ်ထားတဲ့ အေမီက မြောင်းဖုံးကို ဆွဲဖွင့်လိုက်တယ်။ အဲဒီနောက်ဖရက်က အရင်ခုန်ကျသွားပြီး ဓားနတ်ဆိုး၊ အေမီ၊ ဖ​လေရာနဲ့ မက်ဒါနာတို့က နောက်ကလိုက်ကြတယ်။ ခွေးနက်ကြီး စေဘာစတိန်းကတော့ နောက်ဆုံးကနေ လိုက်လာပါတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now