V5 Chapter 19

78 12 2
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 19 - လူသတ်မှု

ချပ်ဝတ်စက်ရုံကို ဆုဗာနာအစိုးရက တရားဝင်လွဲပြောင်းရယူပြီးတဲ့နောက်တော့ ဆုဗာနာနိုင်ငံရဲ့နယ်စားမင်းသမီးလေးတစ်ဖြစ်လည်း ဂုဏ်ထူးဆောင်စစ်သေနာပတိကြီး မက်ဒါနာတစ်ယောက် တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် ဖြစ်သွားလေရဲ့။

တကယ်တော့ လုံးဝကြီး အားယားသွားတာတော့ မဟုတ်ဘူးရယ်။ ချပ်ဝတ်နည်းပညာကိစ္စက အထိုင်ကျသွားပြီဆိုပေမဲ့ အလင်းဒြပ်စင်သေနတ် ထုတ်လုပ်ရေးကိစ္စကိုတော့ မက်ဒါနာကိုယ်ဖိရင်ဖိလုပ်နေရသေးတယ်။ ဒီလက်နက်တွေက ဆုဗာနာအတွက် လုံးဝနည်းပညာသစ်တစ်ခုဖြစ်နေပြီး ပုံမှန်မီးပေါက်လက်နက်တွေနဲ့ လုံးဝမတူတော့ဘူးလေ။

"အလင်းဒြပ်စင်သေနတ်တွေမှာလည်း ကိုယ်ပိုင်စွမ်းအင်ဗဟိုချက်ရှိတယ်။ သူ့ချည်းပဲ သုံးလို့ရသလို ဆုဗာနာချပ်ဝတ်တွေနဲ့လည်း တွဲဖက်သုံးလို့ရနိုင်တယ်။ ဆက်တိုက်ပစ်နိုင်သလို အမြောက်ပစ်အားမျိုးရအောင် စွမ်းအားတွေအများကြီး စုစည်းပစ်လို့ရနိုင်တယ်။ CNCစက်တွေကြောင့် အစိတ်အပိုင်းတစ်ခုချင်း ထုတ်လုပ်ရမယ့်ကိစ္စကို ကျွန်မရှင်းပြစရာမလိုတော့ပေမဲ့ ဘယ်လိုတပ်ဆင်ရမလဲဆိုတော့ ရှင်းပြရင်း လက်တွေ့လုပ်ခိုင်းမယ်။"

ဒီနေ့လည်း မက်ဒါနာစက်ရုံကိုရောက်နေပြီး ဝန်ထမ်းတွေကို ထုတ်လုပ်နည်းတွေ ရှင်းပြနေရတယ်။ ပုံမှန် သေနတ်တွေနဲ့မတူတာက အလင်းဒြပ်စင်သေနတ်တွေက ကျည်ဆန်မလိုပါဘူး။ အဲဒီအစား စွမ်းအင်အူတိုင်က နျူကလိယပေါင်းစည်းစွမ်းအားကိုသုံးပြီး အလင်းဒြပ်စင်မှုန်တွေကို လေဆာအဖြစ်ဖန်တီးယူပါတယ်။

Star War ဇာတ်ကားထဲက သေနတ်တွေနဲ့နည်းနည်းဆင်ပေမဲ့ ပိုအသုံးဝင်တယ်။ ထုတ်လုပ်ဖို့လိုအပ်တဲ့ကုန်ကျစရိတ်လည်း မများဘူး။

"စွမ်းအင်ဗဟိုချက်နဲ့ အတွင်းပိုင်းက ဖြူးရှင်း Recieverတွေတပ်တဲ့အပိုင်းက အရေးအကြီးဆုံးပဲ။ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ သာမန်သေနတ်တွေနဲ့ အတူတူပါပဲ။"

ဒီသေနတ်တွေက ဇက်သတ္တုတောင်ပါတာမဟုတ်ဘူး။ တန်ဖိုးကြီးအစိတ်အပိုင်းဆို စွမ်းအင်ဗဟိုချက်ပဲ ပြစရာရှိတယ်။ ဒါပေမဲ့လည်း သမရိုးကျလက်နက်တွေထက်တော့ အနည်းငယ်စျေးများပါသေးတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now