V9 Chapter 25

30 1 0
                                    

စာရေးသူ၏မှတ်စု: မက်ဒါနာ Special Spin off

Wizard Pathတော့ MMXianxia မှာ ထွက်ရှိလာပါပြီခင်ဗျ။


 မာရာဒါ ဝါ့ဇ်လို့ခေါ်တဲ့ Magical Girl Silver Moonနဲ့ မျက်နှာဖုံးတပ်မင်းသားလေး ဖရာလီတာတို့ရဲ့စွန့်စားခန်းတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။


 သုံးခန်းတွဲဖြစ်ပြီး ငါးရာနဲ့ဝယ်ဖတ်လို့ရပါ့မယ်။ ဒီကနေရလာမယ့် အကျိုးအမြတ်တွေကို နောက်ရေးမယ့်မက်ဒါနာအတွဲတွေအတွက် သရုပ်ဖော်ပုံဖန်တီးသွားမှာဖြစ်ပါတယ်။


 Link - https://mmxianxia.com/novels/i-just-wanna-be-hero-not-heroine/


ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V9 Chapter 25 - ပြန်လာခြင်း


 အေမီရဲ့အသိစိတ်က ပင်လယ်ကြီးတစ်ခုထဲကို နစ်ဝင်သွားသလိုမျိုး ခံစားလိုက်ရတယ်။ အေမီက ကြားခံနယ်တစ်ခုကို သူ့ရဲ့ဒေတာတွေနဲ့ဖန်တီးခဲ့တာဖြစ်ပြီး မက်ဒါနာရဲ့မြူတန့်စွမ်းအားဖြစ်တဲ့ နည်းပညာတွေကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့စွမ်းအားကို ဆက်သွယ်ခဲ့တာပါ။ အခုတော့ အေမီရဲ့ဒေတာတွေက မက်ဒါနာရဲ့သိစိတ်နယ်အတွင်းမှာ သွားလာနိုင်နေပါပြီ။


 "မမလေး...." အေမီက အသိစိတ်နယ်ထဲမှာ သွားလာနေရင်းနဲ့ ပင်လယ်အနက်ပိုင်းမှာ ရေနစ်နေသူလိုမျိုး မျောလွင့်ပြီးမလှုပ်ရှားနိုင်၊ ပြန်မတုံ့ပြန်နိုင်ဖြစ်နေတဲ့ မက်ဒါနာကို ရှာတွေ့ပြီး ချဥ်းကပ်သွားလိုက်တယ်။


 "ဂါး...." မက်ဒါနာရဲ့နောက်ကနေ ဧရာမကျားဖြူပုံရိပ်ကြီး ပေါ်ထွက်လာပေမဲ့ အေမီကလည်း မြွေနဂါးကိုသုံးပြီး ကျားဖြူကိုပြန်ရင်ဆိုင်လိုက်တယ်။ အဲဒီသတ္တဝါကြီးနှစ်ကောင် နယ်မြေအတွင်း တိုက်ခိုက်နေချိန်မှာတော့ အေမီက မက်ဒါနာရှေ့ကိုရောက်လာပြီး အိပ်မက်ဆိုးတွေမက်နေသလို တုန်ရင်နေတဲ့ မက်ဒါနာရဲ့မျက်နှာလေးနဲ့ပါးပြင်နှစ်ဖက်ကို လက်ဖဝါးတွေနဲ့ဖိကပ်ထားလိုက်တယ်။


 "သခင်မလေး၊ ထပါတော့။" အေမီက ပြောလိုက်ပါတယ်။ သူ့ရဲ့နူးညံ့တဲ့ အထိအတွေ့ကြောင့် မက်ဒါနာရဲ့ကြုတ်ထားတဲ့ မျက်မှောင်တွေလျော့ကျသွားပြီး သိပ်မကြာခင်မှာပဲ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက မျက်ရည်တွေဝိုင်းနေပြီး အချိန်မရွေးငိုချတော့မလိုပဲ။

I just Wanna be Hero, not Heroine (Season 2)Wo Geschichten leben. Entdecke jetzt