V6 Chapter 40

49 7 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 40 - ဟီးရိုးပညာရေးပြပွဲ

"ထင်ထားတာထက် ခမ်းနားနေတာပဲ။" ခန်းမကျယ်ကြီးထဲကို ဝင်ပြီးတာနဲ့ အီဗန်ကောက်ချက်ချလိုက်မိတယ်။

ဒီနေ့က ဟီးရိုးကျောင်းပေါင်းစုံ ပညာရေးပြပွဲနေ့ပါ။ အတော်လေးကျယ်တဲ့ ပန်းခြံကြီးတစ်ခုကို ဟီးရိုးကျောင်းတွေက စုငှားထားတာဖြစ်ပြီးတော့ အဓိက ကျောင်းရှစ်ကျောင်းအပြင် တခြားကျောင်းတွေနဲ့ ပေါင်းလိုက်ရတဲ့ ကျောင်းခွဲတွေမှာ ပြပွဲမှာဝင်ပါကြတာကြောင့် လူတွေအများကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေတယ်လို့ ဆိုရပါမယ်။

ဟီးရိုးအထောက်အကူပစ္စည်းတွေ ထုတ်လုပ်တာကို အဓိကလေ့လာတဲ့ကျောင်းတွေက သူတို့ဆန်းသစ်တီထွင်ထားတဲ့ အကူပစ္စည်းတွေကို ပြပွဲမှာ ခင်းကျင်းပြသထားပြီး မြူတန့်စွမ်းအားကို အဓိက​ထားလေ့ကျင့်ပေးတဲ့ ကျောင်းတွေကတော့ လက်ရှိကျောင်းမှာတက်နေတဲ့ ကျောင်းသားတွေရဲ့စွမ်းအားကို ထုတ်ပြခိုင်းပြီး လူစိတ်ဝင်စားအောင် ​ဆွဲဆောင်တတ်ကြပါတယ်။

ပန်းခြံတစ်ခုလုံးရဲ့အလယ်မှာတော့ ဧရာမစတိတ်စင်ကြီးရှိနေပြီး စူပါအမေရိကကျောင်းက ငှားထားတဲ့ စတတ်စင်ပါ။ အဲဒီမှာ သူတို့ကျောင်းက ကျောင်းသားတွေရဲ့စွမ်းအားကို ဆက်ကပ်ဆန်ဆန် တင်ဆက်ပြသနေပါတယ်။

ပျံသန်းနိုင်စွမ်းရှိတဲ့ မိန်းကလေးမီးမြူတန့်က ဖယ်ရီနတ်သမီးလေးလိုဝတ်ထားပြီး စင်အနှံပျံသန်းကာ လေထုထဲမှာ 'Be the hero'ဆိုတဲ့ စာသားကို လောင်ကျွမ်းနေအောင် ရေးပြလိုက်တော့ စင်အောက်က လူအုပ်ကြီး အရူးအမူးဖြစ်သွားပြီး စာရင်းသွင်းဖို့လာကြတယ်။

အီဗန်နဲ့အတူပါလာတဲ့ အမျိုးသမီးကြီးကလည်း အီဗန်ရဲ့လက်ကိုဆွဲပြီး အဲဒီကိုစလျှောက်တယ်။ အီဗန်ကတော့ လက်ထဲက ကြော်ငြာစာကိုကိုင်ပြီး သူတက်ချင်တဲ့ကျောင်းကို လိုက်ရှာနေတုန်းပဲ။

"အမေ၊ ကျွန်တော်တက်ချင်တဲ့ကျောင်းကို ပြောပြီးသားလေ။"

"နေစမ်းပါ၊ အဲဒီကြော်ငြာထဲက ကျောင်းက နာမည်ကြီးတာလည်းမဟုတ်ဘဲနဲ့။ စူပါအမေရိကကျောင်းမှာ အရင်စာရင်းသွင်းကြည့်ဦး။ အဲဒီမှာ နင့်အစ်ကိုဝမ်းကွဲလည်းရှိတယ်လေ။"

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now