V8 Chapter 20

50 4 0
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V8 Chapter 20 - တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်


 ကျောင်းဖွင့်ရက်။

 အီဗန်တို့ကို ဆရာမဟဲရိုးစာသင်နေတုန်း ပက်တီးအပြည့်နဲ့မက်ဒါနာက အခန်းထဲဝင်လာတယ်။ ဆရာမဟဲရိုးက မက်ဒါနာကို ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲက အတန်းသားတွေကိုကြည့်ကာ ပြောလိုက်လေရဲ့။

 "အားလုံးပဲ၊ မင်းတို့အတန်းက ကျောင်းသားတချို့

ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာမလို့ ကျောင်းအုပ်က

မင်းတို့ကို အားပေးဖို့လာတာပဲ။ နောက်ဆရာမလာခင် သူ့စကားကို ငြိမ်ငြိမ်လေးနားထောင်ကြ။"

 ဆရာမဟဲရိုးက အခုလိုပြောပြီး အခန်းထဲကနေ ထွက်သွားတယ်။ မက်ဒါနာကတော့ အခန်းရှေ့က စာသင်ခုံမှာ နေရာဝင်ယူလိုက်ပြီး ကျောင်းသားတွေကို ကြည့်လိုက်ပါတယ်။ အီဗန်က သူတို့ကျောင်းအုပ်ရဲ့ပြောင်းလဲသွားတဲ့ရုပ်သွင်ကြောင့် တော်တော်လေး အံ့ဩနေမိပါတယ်။ အများကြီး ပိုရင့်ကျက်သွားတဲ့အပြင် မျက်နှာပေါ်က အမာရွတ်ကြောင့် တိုက်ပွဲပေါင်းများစွာကို အသက်ရှင်လျက်ဖြတ်ကျော်နိုင်ခဲ့တဲ့လူတစ်ယောက်မှန်း သိနိုင်တယ်။ ဟီးရိုးတွေရဲ့လောကမှာ အမာရွတ်ဆိုတာက ဂုဏ်သရေတစ်ခုပါ။

 နောက်ပြီးအခုလက်တလောမှာ အမာရွတ်တိုးလာတာမလို့ လက်တလောဖြစ်ပျက်သွားတဲ့ တိုက်ပွဲတွေနဲ့ သူတို့ကျောင်းအုပ်ကို ကျောင်းသားတွေဆက်စပ်မိကြပါတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲက ဒုတိယဝါရှင်တန်တိုက်ပွဲဖြစ်ပြီး S rank ဟီးရိုးအများအပြားပါဝင်ခဲ့တယ်။ ဒါကြောင့် သူတို့ကျောင်းအုပ်က အဲဲဒီဖဲထဲက တစ်ယောက်ဖြစ်ဖို့များတယ်။ ကျောင်းအုပ်က နည်းပညာဟီးရိုးဖြစ်လို့ အဲဒီတိုက်ပွဲထဲမှာပါဝင်ခဲ့တဲ့ နည်းပညာတွေကို စာရင်းချုံကြည့်တော့ ငွေရောင်စစ်သည်၊ Archmegaနဲ့ အမည်မသိစစ်နတ်သမီး သုံးယောက်ပဲဖြစ်နေပြန်ရော။ အီဗန်က ဘာမှမသိပေမဲ့ နျူရေကတော့ အမည်မသိစစ်နတ်သမီးက သူတို့ကျောင်းအုပ်ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချထားတယ်လေ။ ဘာလို့လဲဆိုပြီးမေးတော့ "ကျန်တဲ့နှစ်ယောက်ရဲ့ဝတ်စုံတွေက မိန်းကလေးတစ်ယောက်မယ့်ဟာတွေမှမဟုတ်တာ ငတုံးအီဗန်ရဲ့။" ဆိုပြီးပြန်ဖြေတယ်လေ။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now