V5 Chapter 30

87 10 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V5 Chapter 30 - နယ်ဆင်သင်္ဘောပျံ

တည်းနေတဲ့ အာရပ်တော်ဝင်ဟိုတယ်ဆောင်ကနေ ထွက်လာပြီးတဲ့နောက် ဖရာလီတာက ဖုန်းကိုထုတ်ပြီး သတင်းဖတ်ကြည့်လိုက်တယ်။ ဒါပေမဲ့ ပုံမှန်သတင်းဆိုဒ်ထဲကို ဝင်သွားတာမမဟုတ်ဘဲ အင်တာနက်ရဲ့အနက်ဆုံးအပိုင်းမှာ ဖုံးကွယ်ထားတဲ့ Dark Web သတင်းဆိုဒ်တစ်ခုကနေ ဖတ်နေတာဖြစ်ပါတယ်။

ဗီလိန်ကွန်ယက်က ဗီလိန်တွေအတွက် အကြီးဆုံးသတင်းရယူရာဖြစ်သလိုပဲ အမိန့်တော်အဖွဲ့ကလည်း ကိုယ်ပိုင်Dark Web ကွန်ယက်တွေရှိပါတယ်။ ဒါပေမဲ့ ဖရာလီတာဖတ်နေတဲ့ပလက်ဖောင်းကတော့ အမိန့်တော်အဖွဲ့အပြင် ကမ္ဘာအနှံက ဂျာနယ်လစ်တွေလည်းသုံးကြပြီး ပုံမှန်ဖြန့်ချီဖို့မသင့်တော်တဲ့ သတင်းတွေကိုဖြန့်ချီလေ့ရှိပါတယ်။

'ဆုဗာနာစစ်မြေပြင်ကနေ ကြေးစားစစ်တပ် အရှက်ရစွာဖြင့် ပြန်လည်ဆုတ်ခွာလာရ။' ဆိုတဲ့သတင်းဆီရောက်တော့ ဖရာလီတာပြုံးလိုက်ပြီး သတင်းစဖတ်တယ်ပါတယ်။

"ငါထင်ထားတဲ့အတိုင်းပဲ မက်ဒါနာက သူကိုယ်တိုင် မလှုပ်ရှားနိုင်တာတောင် အင်အားကြီးနေတုန်းပဲ။"

သတင်းတင်တဲ့သူက အယ်ကာလိုင်းဆိုတဲ့ အကောင့်ပိုင်ရှင်ပါ။ ထုံးစံအတိုင်း Darkwebမှာက အကုန်လုံးအကောင့်တုတွေချည်းပဲမလို့ ဒီလိုနာမည်မျိုးက မထူးဆန်းဘူး။ ပြီးတော့ သူ့အရေးအသားကလည်း တကယ့်သတင်းဌာနတွေလိုမျိုး ကျစ်ကျစ်လစ်လစ်မဆန်ဘဲ လူတစ်ယောက် ဆိုင်ထိုင်ရင်းရောက်တတ်ရာရာ ဆွေးနွေးနေသလိုပဲ။

မြူတန့်မဟာမိတ်အဖွဲ့ ပူးတွဲဥက္ကဋ္ဌအဖွဲ့အစည်းဖြစ်တဲ့ ကြေးစားစစ်တပ်ဟာ ဆုဗာနာနိုင်ငံရဲ့ဇက်သတ္တုရင်းမြစ်တွေကို ထုတ်ယူနိုင်ဖို့အတွက် သူတို့ရဲ့လက်နက်အပြည့်တပ်ဆင်ပေးထားတဲ့ တပ်မဟာ ၃၁၀ ကိုစေလွှတ်ခဲ့ပါတယ်။

ကြေးစားစစ်တပ်ရဲ့တပ်ဖွဲ့စည်းပုံအရ တပ်မဟာ ၃၁၀ မှာ ခန့်မှန်းခြေစစ်သည်ငါးထောင်နဲ့ A အဆင့်အရာရှိ သုံးယောက်ကနေ လေးယောက်အထိပါဝင်နိုင်တယ်လို့ အရင်ဆောင်းပါးသုံးသပ်ချက်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပိုတိကျတဲ့သတင်းရင်းမြစ်တွေအရ ဆုဗာနာကိုတိုက်ခိုက်ခဲ့တဲ့ A rank အရေအတွက်က ငါးယောက်ရှိတယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ပုံမှန်ထက်ပိုများတယ်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now