အပိုင်း(၃၆၂) နတ်ဆိုးကမ္ဘာသူတော်စင်ရေ၁

Start from the beginning
                                    

သိဒ္ဓိရေစင်ဖြင့်သာ မှားယွင်းသော ​ကျင့်စဥ်ကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကို လုံးလုံးလျားလျား ဖယ်ရှားနိုင်မည် ဖြစ်သည်။

တာအိုဆရာ တောက်တိက မျက်နှာဖုံးကို နှစ်ရာပေါင်းများစွာ ကြာအောင် ဝတ်ဆင်ပြီးနောက် ချွတ်ရတော့မည်ဟု တွေးတောမိသောအခါတွင် စိတ်လှုပ်ရှားသည့် အမူအရာများ ဖြစ်ပေါ်လာသည်။

"စီနီယာအကို.. ငါတို့သေချာပေါက် အောင်မြင်မှာပါ"

ရှေးဟောင်းစာအုပ်ကြီးက ခေါင်းညိတ်လိုက်သည်။

"ဒီလိုပဲ မျှော်လင့်ကြတာပေါ့.. ကံတရားက ငါတို့ဘက်မှာ ရှိနေဖို့ ဆုတောင်းရမယ်"

သူတို့က သိဒ္ဓိရေစင် ရှိသည့် ရွာ၏ တည်နေရာကို ပြန်လည် အတည်ပြုရန် မြေပုံကို လှန်လိုက်ကြသည်။

ဤမြေပုံကို တာအိုဆရာ တောက်တိက အဖိုးတန်မြေပုံများ ရောင်းဝယ်သည့် ကိုယ်စားလှယ်ထံမှ အလွန် စျေးကြီးပေး၍ ဝယ်ခဲ့ရသည်။

မြေပုံအရောင်း ကိုယ်စားလှယ်များမှာ တစ်နှစ်ပတ်လုံး ကမ္ဘာအနှံ့ ခရီးထွက်ပြီး လျှို့ဝှက် တည်နေရာများ၏ အဖိုးတန်မြေပုံများကို စုဆောင်းခဲ့ကြသည်။

သူတို့ထံတွင် လျှို့ဝှက်မြေပုံ ရှိနေ၍ ပိုအဆင်ပြေခဲ့သည်။

အနည်းဆုံးတော့ မရင်းနှီးသည့် နေရာတစ်ခုတွင် ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေစရာ မလိုအပ်ပေ။

ကမ္ဘာခြားဂိတ်၏ တည်နေရာပြ မြေပုံကို မြေပုံရောင်းဝယ်သူများက အက်ဒိပ်များ ဖြည့်စွက်လေ့ ရှိသည်။

ကမ္ဘာခြားဂိတ်က ငါးနှစ်လျှင် တစ်ကြိမ်သာ ဖွင့်လှစ်သော်လည်း ဂိတ်အတွင်း နေထိုင်သောလူများ ပြင်ပသို့ ခရီးသွားခြင်းမှ တဆင့် အရောင်းကိုယ်စားလှယ်က ၎င်းတို့ထံမှ နောက်ဆုံးရ သတင်းများကို ရရှိမည် ဖြစ်သည်။

ဟုတ်ပါသည်။ ဤမြေပုံအမျိုးအစားကို ဝယ်ဖို့က အလွန်ပင် စျေးကြီးလှ၏။

သာမာန်လူများ အနေဖြင့် ဝယ်ယူဖို့ မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now