သူတို့ နှစ်ယောက်စလုံး ဤအထပ်မြင့် အဆောက်အဦး၏ ခေါင်မိုးပေါ်တွင် ရပ်နေချိန်၌ လေများ တိုက်နေ၏။
ကျိုးရီက ကျယ်ဝန်းသော ဧရိယာတစ်ခုလုံးကို ဖြန့်ကျက်ရန် သူ၏ ဝိညာဥ်ရေးအာရုံကို အသုံးမချနိုင်ပေ။
ရွှေကုံးဂိုဏ်း၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ ဝိညာဉ်ရေး ပေါက်ကွဲမှုကို ဖန်တီးရန် ဖြစ်သောကြောင့် အသီးကို စားသုံးမိသော ကျောင်းသားမှာ ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်ကာ ပုန်းအောင်းရန် ညွှန်ကြားခံရမည် ဖြစ်သည်။
ယခုပြဿနာမှာ ရှောင်ယွင်ချမ်း၏ တည်နေရာကို ရှာဖွေရန် ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်မင်သည် မျက်လုံးကိုဖွင့်ကာ သက်ပြင်းလိုက်သည်။
ကျိုးရီ "ညီနောင်အာ.. ဘာလုပ်နေတာလဲ"
"ဒီဧရိယာတစ်ခုလုံးမှာ လမ်းဆုံလမ်းခွပေါင်း လေးရာကျော်ရှိပြီး ရှောင်ယွင်ချမ်း ပုန်းအောင်းနိုင်တဲ့ အဆောက်အအုံက ငါးရာကနေ ခြောက်ရာကျော်ရှိတယ်"
"စောစောက ငါ့ရဲ့စိတ်အာရုံကို ကော်ပီ ငါးဆယ် လုပ်ပြီး လမ်းတွေပေါ်မှာ ရှာဖွေခဲ့ပေမယ့် သူ့သဲလွန်စကို ရှာမတွေ့ခဲ့ဘူး"
ကျိုးရီ အံ့သြသွားသည်။
"ဒါက ဦးနှောက် တွက်ဆတဲ့ နည်းစနစ်ပါ"
ဝမ်မင်က သူ့ကို ကြည့်လိုက်သည်။
"သာမန်လူတွေက သူတို့ ဦးနှောက်ရဲ့ ဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုတယ်လို့ တချို့က ပြောကြတယ်"
ထိုစကားကြောင့် ကျိုးရီ၏ အမူအရာက စူးစမ်းသော အမူအရာ ဖြစ်လာသည်။
သူက ဦးနှောက်ကို အမှန်တကယ် စူးစမ်းလေ့လာရန် အလားအလာ ရှိမရှိ မေးတော့မည့်အချိန်တွင် ဝမ်မင်၏ နောက်ထပ်စကားက သူ့မေးခွန်းကို ရေအေးဖြင့် ချက်ချင်း လောင်းချလိုက်သကဲ့သို့ပင်။
"တကယ်တော့ ဒါက လိမ်တာပဲ"
".............."
"စာမေးပွဲမှာ အမှတ်ရအောင်ကြိုးစားတာတွေ ဒါမှမဟုတ် နှလုံးသားနဲ့ သင်ယူတာတွေ လုပ်နေရင်ကို မင်းဦးနှောက်က တစ်ခုခု မှားယွင်းနေပြီလေ"
အပိုင်း(၃၄၇) ငယ်စဥ်ကတည်းက ခေါက်ဆွဲခြောက်နှင့်နှစ်ပါးသွားခဲ့သည်
Start from the beginning