အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)

Start from the beginning
                                    

ဦး​လေးယန်ဟာ နှင်းဆီပန်းတစ်​ပွေ့တစ်ပိုက်နှင့် ​တောင့်​တောင့်ကြီး ရပ်​နေသည်။နှုတ်ခမ်းစွန်းများက တဖြည်းဖြည်း ​ကော့တက်သွား၏။သူ ဘွဲ့ရကတည်းက ပန်းစည်းလက်မခံခဲ့ရတာ နှစ်​ပေါင်းအ​တော့်ကို ကြာခဲ့​လေပြီ မဟုတ်ပါလား။

ဒါရိုက်ဘာက ဒီ​နေ့ ခွင့်ယူထားသည်မို့ ​ပေါ်ယွီ သူ့ဘာသာသူ ​ကား​မောင်းရမည်ဖြစ်သည်။အတန်ကြာ စဉ်းစားကြည့်ပါ​သော်ငြား ​ပေါ်မိသားစု၏ကုမ္ပဏီခွဲက ဟွားချန်မြို့တွင် ဘယ်ဆီဘယ်၀ယ်မှာရှိ​​ကြောင်းကို ​ပေါ်ယွီ့​ခေါင်းထဲ ​ပေါ်မလာ။သို့နှင့် သူ ​ပေါ်လျန်အား ဖုန်းဆက်​​မေးရသည်။

​ပေါ်လျန် : " နံပါတ် ၁၃ ၊ ဟွားသုန်းလမ်းမ "

​ပေါ်ယွီ ဖုန်းချလိုက်သည်။ယခုက ​ဆောင်းရာသီဖြစ်သည့်အ​လျောက် သား​ရေဘွတ်ဖိနပ် ၊ နက်​စွေး​စွေး ဂျင်း​ဘောင်းဘီအကျပ်နှင့် သား​ရေဂျက်ကတ်တို့ကို ၀တ်ဆင်ထား၏။အပြင်မထွက်ခင် ​ပေါ်ယွီတစ်​ယောက် သူ့ဆံပင်သူ​တောင် အထူးတလည် သ'လိုက်​သေးပြီး ​နေကာမျက်မှန်ကို စွပ်လိုက်သည်။​သော့ကိုလည်း လှည့်ပတ်​​ဝေ့ယမ်း​နေသည်။

" သွားစို့ ! "

​နောက်ပိတ်ဆုံး ​ပေါ်ယွီ ကားပိတ်​​နေသည့်ကြားထဲက ဟွားသုန်းလမ်းမသို့ ​ရောက်လာသည်။ကားပါကင်ထိုးကာ ကားတံခါးဖွင့်ဖွင့်ချင်း မျက်နှာဆီ တဖြူးဖြူး ရိုက်ခတ်​လာ​သော ​လေ​နုအေးများ​ကြောင့် ​သေမတတ် ​ခဲသွားလုနီးနီး။

သူတို့အိမ်ဗီလာ၏ ​မြေ​အောက်ကားဂို​ဒေါင်ဟာ ဘယ်​လောက်​ကောင်းမှန်း ​ပေါ်ယွီ ပထမဆုံးအကြိမ်အဖြစ် ကိုယ်​တွေ့သိလိုက်ရသည်။

ဗီလာရှိအတွင်းပိုင်းအပူ​ပေးစနစ်က အ​တော်​လေး ​ကောင်းသည်။​ဗီလာနှင့်မြေ​အောက်ကားဂိုဒေါင်ကို ဓါတ်​လှေကားတစ်စင်းက တိုက်ရိုက်ချိတ်ဆက်ထား​သည်။ယင်း​မြေ​အောက်ကားဂို​ဒေါင်၌ ​​လေ၀င်​လေထွက်​သန့်စင်စနစ်ပါ တပ်ဆင်ထားရာ သူ ကားထဲကမထွက်မီအထိ ပြင်ပရာသီဥတုအ​​ခြေအ​နေကို ​ပေါ်ယွီ အတိအကျ နားမလည်ခဲ့​။

အခု​များတော့ ............

အဝတ်​လေး ပါးပါးလှပ်လှပ်နဲ့​ပေါ်ယွီတစ်​ယောက် လူကြားသူကြားထဲ ဖြတ်အ​လျှောက်တွင် ​ဘေးက ​နွေး​နွေး​ထွေး​ထွေး အလုံထုပ်ဝတ်ထားကြ​​သော လမ်းသွားလမ်းလာတစ်သိုက်ဟာ ​ပေါ်ယွီအား 'ဒီလူ မချမ်းဘူးလားဟ ?'  ဟူ​သော မျက်လုံးများဖြင့် ကွက်ကြည့်ကွက်ကြည့် ကြည့်သွားကြသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now