အခန်း-၁၂၈(ခြင်များ)

Start from the beginning
                                    

ဖရဲသီး​လေးက ​ပေါ်ယွီ့​ရှေ့ဝယ် ပွတ်သီးပွတ်သပ် ချွဲနွဲ့ရဲ ၊ လူဆိုး​လေးလုပ်ရဲသည့်တိုင် စုန့်ရှီလင်ကိုမူ မငြင်းဆန်၀ံ့ပါ​ချေ။

ဖရဲသီး​လေးက ပေါ်ယွီ့မျက်နှာကို ကိုင်လိုက်ရင်း မခွဲနိုင်မခွာရက်​ တိုးတိုး​လေးဆိုသည်။
" ပါးပါး ၊ သား ပါးပါးနဲ့အတူတူ ပြန်လာကစားမှာကို ​စောင့်​နေ​​နော် "

​ပေါ်ယွီ ရုတ်တရက် ကိစ္စတစ်ခုကို ​ပြေးသတိရသွားသည်။
" အရုပ်​တွေကို သူငယ်ချင်း​တွေဆီ လက်​ဆောင်​ပေးဖို့ သယ်သွားဦး "

​ပေါ်ယွီ့ပါးပြင်ကို ချစ်စနိုး ပွတ်သတ်​နေ​သော ဖရဲသီး​လေးရဲ့လက်​လေးက တိခနဲ ရပ်တန့်သွားခဲ့သည်။က​လေး​လေးက ​စိတ်ဆိုးမာန်ဆိုး ထရပ်ကာ ​ပြေးထွက်သွား၏။
ပါးပါးက ဒါချည်း ​ပြော !

ပါးပါးက သူ့ကို ပစ်ထားရုံတင်မကဘူး သူ့အရုပ်​တွေကိုပါ တခြားလူ​တွေဆီ ​ပေးပစ်ခိုင်း​နေတယ် !

ပါးပါး လူဆိုး !

​နောက်ဆုံး ဖရဲသီး​လေး ထွက်သွားမှ ​ပေါ်ယွီတစ်​ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလျက် စုန့်ရှီလင်ထံ လက်​ဝေ့ယမ်းပြသည်။
" ငါ့ရဲ့ခါး​လေး နာ​နေပြီ။ လာနှိပ်ပေးပါဦး "

စုန့်ရှီလင်က ​ပေါ်ယွီ့အနား ​လျှောက်လာလို့ ​ခုတင်အစွန်းမှာ ၀င်ထိုင်သည်။စုန့်ရှီလင် တစ်ခွန်းမျှ မဟရ​သေးမီ ၊ ရုတ်ခြည်းဆိုသလို ပေါ်ယွီ့ဆီက ဆွဲချခံလိုက်ရသည်။​ပေါ်ယွီက သူ့အား အိပ်ရာထက်၀ယ် ဖိချုပ်ထားခြင်း။

စုန့်ရှီလင် : " ........ "

" မနက်စာစား "
စုန့်ရှီလင်က ထထိုင်ရန် ပြင်သည်။
" စားပြီးရင် ကိုယ် မင်းကို နှိပ်​ပေးမယ် "

​ပေါ်ယွီက လက်မခံ။​စောင်ကို လှပ်၍ သူတို့နှစ်​ယောက်လုံးအ​ပေါ်သို့ လွှမ်းခြုံချလိုက်သည်။အတုအပ လုပ်ကြံထား​သော အ​မှောင်ထု​အောက်တွင် ​ပေါ်ယွီ စုန့်ရှီလင်မျက်နှာနားသို့ တိုးကပ်သွားပြီး စုန့်ရှီလင်ပါးကို ဖျစ်ညှစ်ပစ်လိုက်၏။​ပေါ်ယွီက အသည်းတယားယား အံတကြိတ်ကြိတ် ​မေးသည်။
" မင်း ဘယ်သူ့ကို ​ခြင်လို့ ​ခေါ်လိုက်တာတုန်း ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now