" အခမ်းအနားမှူး!" ကျွော့ချင်းက ကျယ်လောင်စွာ အော်လိုက်သည်။

  နောက်ဆုံးတွင် အခမ်းအနားမှူးက အသိစိတ်ပြန်ဝင်လာပြီး "ဇနီးမောင်နှံအချင်းချင်း ဦးညွှတ်အရိုအသေပေးပါ"

  ကြင်စဦးဇနီးမောင်နှံ၏အနီရောင်ဝတ်စုံများက လေထဲတွင်ပျံဝဲနေကာ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ ဧည့်သည်တွေ မရှိနေသလို၊ အမိန့်တော်လည်းရှိမနေပေ... အနီရောင်ခေါင်းဆောင်းပုဝါ မရှိသလို့ ဆွဲကိုင်စရာ ပိုးကြိုးနီလည်း မရှိပေ... တစ်ယောက်ကို တစ်ယောက်ကြည့်နေပြီး လက်ချောင်းအချင်းချင်းတွယ်ယှက်ထားသော လူနှစ်ဦးသာရှိနေခဲ့သည်။

  နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် လေးလေးနက်နက် ဦးညွှတ်ပြီးနောက် အခမ်းအနားမှူးက "အခမ်းအနားပြီးပါပြီ" ဟု ကြွေးကြော်လိုက်ကာ လက်ထပ်ပွဲ ပြီးဆုံးသွားခဲ့သည်။

  တော်ဝင်အမိန့်တော်ကို ကြားခဲ့ပြီးနောက် မူလက လုံးဝ တိတ်ဆိတ်နေခဲ့ကြသော ခန်းမကြီးအတွင်းမှ လူများက ပထမဆုံးအကြိမ်ပြန်လည်အသက်ဝင်လာပြီး ဝမ်းသာအားရ အားပေးနေကြသည်။

 ကျွော့ချင်းက အခမ်းအနားစားပွဲဆီသို့ လျှောက်သွားလိုက်ပြီး ခွက်အလွတ် နှစ်လုံးကို ယူလိုက်ကာ အရက်ဖြည့်လိုက်ပြီး တစ်ခွက်ကို လို့ရှီးယန်ထံသို့ ပေးလိုက်ကာ ကျန်တစ်ခွက်ကို သူမလက်ထဲတွင် ဆုပ်ကိုင်ထားခဲ့ပြီး လို့ရှီးယန်၏ လက်မောင်းကို ချိတ်ရန် သူမလက်ကို ဆန့်ထုတ်လိုက်သည်။ ကျွော့ချင်းက သူမကိုယ်ကို သူ့ရှေ့ကို အနည်းငယ် တိမ်းလိုက်ပြီး သူ့နားနားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဒီမင်္ဂလာအရက်တစ်ခွက်ကို သောက်ပြီးရင် ကျွန်မတို့က ဒီနေကစပြီး ဒီဘဝမှာ ဂုဏ်ကျက်သရေနဲ့ နိမ့်ကျမှုတွေကို အတူတူမျှဝေခံစားရမယ့် လက်တွဲဖော်တွေ ဖြစ်သွားပြီ၊ ကျွန်မတို့က တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး"

  ကျွန်မတို့က ဂုဏ်ကျက်သရေနဲ့ နိမ့်ကျမှုတွေကို အတူတူမျှဝေခံစားရမယ့် လက်တွဲဖော်တွေ  တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး...

နာကြည်းမှုတွေ လွင့်ပျယ်စေ...Wo Geschichten leben. Entdecke jetzt