CH- 39

784 138 15
                                    

  အခန်း ၃၉၊ နန်းတော်ဧည့်ခံပွဲ (အပိုင်း ၃)

  "ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ!"

"ဧကရီ သက်တော်ရာကျော် ရှည်ပါစေ!"

  ဧကရာဇ်နှင့် မိဖုရားများ ခန်းမထဲသို့ ဝင်လာစဉ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ကျွော့ချင်းက သူမ၏ ခေါင်းကို အနည်းငယ် မြှောက်လိုက်ပြီး ယန်းဟုန်ထျန်းက တောက်ပသော အဝါရောင် ပိုးသား၀တ်စုံ၊ အဖြူရောင် ကျောက်စိမ်း ခါးပတ်နှင့် ခေါင်းပေါ်တွင် ရွှေရောင်နှင့်အနက်ရောင်ပါသော ကျောက်စိမ်းသရဖူကို ၀တ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။ အေးစက်သောမျက်လုံးများက လူအများကို ခြိမ်းခြောက်နိုင်သော်လည်း စွဲမက်ဖွယ်ကောင်းနေသေးသည်။ သူက ဤအဝတ်အစားများနှင့် လိုက်ဖက်လွန်းနေပေမယ့် လူများကို တိုက်ရိုက်မကြည့်ရဲစေလောက်သော အရှိန်အဝါတစ်ခု ရှိနေပြန်သည်။ တကယ်တော့ ကျွော့ချင်းက လွဲပြီး မည်သူမျှ မော့ကြည့်ဝံ့သူ မရှိပေ။ ဧကရီက အသက်နှစ်ဆယ်ကျော်အရွယ်တွင်သာ ရှိသေးပြီး ရွှေဆံထိုးနှင့် ကျောက်စိမ်းဆွဲသီးက သူမကို ပိုပြီး ငယ်ရွယ်နုပျိုစေပုံရသည်။ သူမက အနီရင့်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကြမ်းပြင်ကို တွဲလောင်းကျနေသော စကတ်ရှည်တွင် ပိုးပင်နီပန်းများနှင့် ပန်းထိုးထားသောကြောင့် ဂုဏ်ကျက်သရေများနှင့် ပြည့်နှက်နေသော်လည်း၊ သူမလို မြင့်မြတ်သောသူတောင်မှ ဧကရာဇ်၏နောက်မှသာ လိုက်ပါနိုင်ပြီး သူနှင့် ဘယ်တော့မှ ဘေးချင်းမယှဥ်နိုင်ပေ။

  ကျွော့ချင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး နောက်ဆုံးတော့ ရှေးခေတ်က ဘုရင်တွေက ဘာလို့ သူတို့ကိုယ်သူတို့ ဘာလို့ ကောင်းကင်သားတော်လို့ သတ်မှတ်သလဲဆိုတာ သိလာခဲ့သည်။ အဆုံးမှာတော့ သူရဲဘောကြောင်တဲ့ ဘုရင်တွေက ဧကရာဇ် ဖြစ်မလာနိုင်ဘူးဆိုတာကို သူမ နားလည်လာခဲ့သည်။

  ယန်းရူရွှယ်က သူမ၏လက်များကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်။ သူမ၏မျက်နှာက အပူလောင်လုနီးပါးဖြစ်နေပြီး သူမ၏နှလုံးခုန်သံက မိုးခြိမ်းသံကဲ့သို့ပင်၊ သူမ၏နားထဲသို့ မည်သည့်အသံမျှ မဝင်ရောက်နိုင်တော့ပေ၊ သူမ၏ရင်ခုန်နေသော နှလုံးခုန်သံများကိုသာ သူမ ကြားနေရတော့သည်။ အခုန သူက တကယ်ကို သူမလက်ကို ဆုပ်ကိုင်ထားခဲ့သည်။ အဲ့တာက ခဏတာမျှသာဖြစ်သော်လည်း သူမ၏လက်ကောက်ဝတ်တွင် သူ၏အေးမြသော လက်ချောင်းထိပ်များ၏ နူးညံ့သောအင်အားကို ခံစားနေရတုန်းဖြစ်သည်။ သူမက သူမ၏လက်ကောက်ဝတ်ကို အနည်းငယ်မြှောက်လိုက်ပြီး သူ့၏ချောမောခန့်ညားသောမျက်နှာကို ကြည့်လိုက်သည်။ ယန်းရူရွှယ်က သူမ မည်မျှပင် စိတ်ဆင်းရဲစေကာမူ၊ မည်မျှပင် အသည်းကွဲနေစေကာမူ သူမ သူ့ကို မလွှတ်ချနိုင်တာကို သိနေတာကြာပြီဖြစ်သောကြောင့် သူမ၏နှလုံးသားနှင့် မျက်လုံးများက သူမှလွဲပြီး မည်သည့်ယောက်ျားကိုမျှ လက်မခံနိုင်တော့ကြောင်း သူမ သိသည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now