CH-64

611 67 3
                                    

အခန်း ၆၄ : ဘယ်သူက လိမ်ညာနေတာလဲ?

  ကျွော့ချင်းက နံနက် ကိုးနာရီမှာ ဝန်ကြီးချုပ်အိမ်တော်၏ တံခါးဝတွင် ပေါ်လာပြီး အိမ်တော်အပြင်ဘက် နံရံကို မှီကာ မျက်လုံးမှိတ်ပြီး မှေးနေသော ကုယွင်ကို တွေ့လိုက်ရသည်။

  ကျွော့ချင်းက သူမရှေ့ကို လျှောက်သွားလိုက်ပြီး စကားစမပြောရသေးခင်မှာ ကုယွင်က သူမ မျက်လုံးတွေကို ဖွင့်လာပြီး ကျွော့ချင်းကို တစ်ချက်ကြည့်ကာ သူမမျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ "မနေ့ညက နင် ဘာတွေ ခိုးလုပ်ထားသေးလဲ၊ ပြင်းထန်တဲ့အရာ တစ်ခုခုလား?"

သူမ မျက်လုံးအောက်က အမည်းဝိုင်းကြီးတွေက အရမ်းကို သိသာနေပြီး မျက်လုံးတွေကလည်း ဖောင်းကားနေတာကြောင့် သူမ တစ်ညလုံး ကောင်းကောင်းမအိပ်နိုင်တာ သိသာနေသည်။ သူမရဲ့ထိုအမူအရာတွေကို ကြည့်ပြီး ကုယွင်က ဒီကိစ္စကို တွေးနေစရာမလိုပါဘူး။ သူမ စိတ်ထဲမှာ ဘယ်လိုတွေတောင် ရှုပ်ယှက်ခတ်နေလဲမှ မသိတာ!!

ကျွော့ချင်းက မနေ့ညက အနမ်းကို ပြန်တွေးလိုက်မိတာကြောင့် သူမရဲ့ မျက်လုံးတွေက သဘာဝမကျစွာနဲ့ တစ်ဖက်ကို လွှဲလိုက်ပြီး အသံတိုးတိုးနဲ့ ကျိန်ဆဲလိုက်မိသည်။ "နင့်ရဲ့ အတင်းအဖျင်းပြောချင်နေတဲ့ မျက်နှာကို ရပ်လိုက်စမ်း၊ ငါ ဘာမှ မလုပ်ဘူး၊ ဒီတိုင်း အိပ်ရေးမဝရုံပဲ၊ အားလုံးက နင့်လို အမြဲတက်ကြွနေမယ်လို့ ထင်နေတာလား?!"

  ယွင်က အပြာရောင်ဝတ်စုံကို ၀တ်ဆင်ထားဆဲဖြစ်ပြီး သူမ မနေ့ညက ဗိုလ်ချုပ်စံအိမ်ကိုပင် ပြန်သွားခဲ့ပုံမရပေ။ တစ်ခါတစ်ရံ သူမ ယွင်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အမှန်တကယ် သံသယဝင်မိသည်။ မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်လေး မှေးနေရုံနဲ့ သူမ၏ ကာယကြံ့ခိုင်မှုက ပြန်လည်ပြည့်ဖြိုးလာနိုင်သည်။ လုံးဝ အနားယူဖို့ မလိုပဲ အဆင်ပြေနေသေးသည်။ ဒီပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ်က သူမကို တကယ်စိတ်ရှုပ်ထွေးစေပြီး မနာလိုဖြစ်စေခဲ့သည်။

 ကျွော့ချင်းက ကုယွင်၏စူးစမ်းသော အကြည့်ကို မခံမရပ်နိုင်ဖြစ်လာပြီး အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။ "ခံဝန်စာတွေကို ကြည့်ပြီးပြီလား တစ်ခုခုရှာတွေ့ပြီလား"

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now