CH- 4

1.1K 116 1
                                    

အခန်း ၄ တရားစွဲဆိုမှု

  "မင်းပြောလို့ ပြီးပြီဆိုရင် ငါ့ကို လာကူညီပေးပါ"

  အေးစက်စက် အသံက နိမ့်ဆင်းလာသဖြင့် ရထားလုံးအပြင်ဘက်ရှိ လူများကို အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားစေသည်။ မိန်းကလေးတစ်ယောက်က အဲ့လိုပုံစံနဲ့ ပြောနိုင်တယ်လား?

  ဝူစစ်က ခေါင်းကုတ်ပြီး သူ့နောက်က ညီအစ်ကိုတွေကို ပြန်ကြည့်လိုက်သည်။ လူတိုင်းက နောက်ပြန်ဆုတ်သွားပြီး မေးစေ့တွေကိုပင့်ကာ သူ့ကို ကူညီပေးဖို့ တောင်းဆိုနေကြသည်။

  သွားမယ်ကွာ၊ ငါ...ဝူစစ်က မိန်းမတစ်ယောက်ကို ကြောက်နေဖို့လိုသေးလို့လား?

ဝူစစ်က တံတွေးတစ်လုပ်ကို တိတ်တိတ်လေးမျိုချလိုက်ရင်း ရထားလုံးပေါ်တက်သွားသည်။ မထင်မှတ်ပဲ အေးခဲနေသော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်ရပြီး သူ့ရှေ့ရှိ အမျိုးသမီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်၊ ဝူစစ်တစ်ယောက် အေးစက်သောလေကို ရှုရှိုက်လိုက်သလို ခံစားနေရသည်။

   ရထားလုံးပေါ်တွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ရထားနံရံကို မှီပြီး တစ်ဝက်တစ်ပျက် မတ်မတ်ထိုင်နေကာ သူမ၏မျက်လုံးများက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ ဝူစစ်က ထိုကဲ့သို့သော မျက်လုံးမျိုးရှိသော အမျိုးသမီးကို တစ်ခါမျှ မမြင်ဖူးပေ။ သူ့ကိုစိုက်ကြည့်နေသော မျက်ဝန်းတစ်စုံက သူကို အကြောင်းပြချက်မရှိ အသက်ရှုခက်စေသည်။ ပြီးတော့ သူမ၏ မျက်နှာ.... ညာဖက်ပါးပြင်တစ်ခုလုံးက ဓားရာနှစ်ချက်ကြောင့် ဖျက်ဆီးလုနီးပါးဖြစ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အလွန်ကြောက်စရာကောင်းနေသည်။ ဒါက ဟောင်ယွဲ့တိုင်ပြည်က စေလွှတ်လိုက်တဲ့ အလှလေးလား? ဝူစစ် တွေးမိတာက... သူတို့ လူမှားပြီး လုယက်လာတာဖြစ်နိုင်လား?!

  ဝူစစ်က ကျွော့ချင်းကို ကြည့်နေချိန်မှာ ကျွော့ချင်းကလည်း သူ့ကို ကြည့်နေသည်။ သူမရှေ့က လူက အသက်သုံးဆယ်လောက်ရှိပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို အဝတ်ကြိုးတစ်စနဲ့ ချည်ထားတယ်။ သူ့အဝတ်အစားတွေက ဖာထေးရာတွေ ရှိနေပြီး ကြည့်ရတာ အရမ်းညစ်ပတ်တယ်... ပြီးတော့ ရှေးခေတ်ကလူတွေလို ၀တ်ဆင်ထားတယ်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now