CH- 47

745 103 9
                                    

အခန်း ၄၇၊ အမှန်တရားက တစ်ခုပဲ ရှိတယ်

  မြင့်မြတ်သော ရာထူးမှ အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်က ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် ကျွော့ချင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။ ကျွော့ချင်းက သူ၏ နက်မှောင်သော မျက်လုံးများကို တွေ့ပြီး ရှောင်ဖယ်လို့မရတာကြောင့် ရင်ဆိုင်လိုက်ရသည်။ သူက ချင်းဖုန့်ဆီသို့ လာနေတာလား? သူက ချင်းမိသားစုက ညီအစ်မသုံးယောက်လုံးကို သဘောကျရင် ဘာလို့ သူ့ဘာသာ မသိမ်းထားဘဲ သူများတွေကို ပေးပစ်တာလဲ? အခုတော့ သူမတို့ ညီမတွေက သူ့ကို ယွမ် ၈၀,၀၀၀ ကနေ ၂,၅၀၀,၀၀၀ လောက် အကြွေးတင်နေပုံနဲ့ လာဆက်ဆံနေတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ?

  အခု သူမက သူ့ကို ဘယ်လိုတောင် စိုက်ကြည့်နေရဲတာလဲ?! ကောင်းတယ်... အရမ်းကောင်းတယ်။ မတွေ့ရတဲ့ သုံးနှစ်အတွင်းမှာ သူမက ပိုပြီး သတ္တိရှိလာတယ်လို့ ခံစားရတယ်။

 ယန်းဟုန်ထျန်းက ကျွော့ချင်းရှေ့ကို လမ်းလျှောက်လာရင်း ရုတ်တရက် ပြောလိုက်သည်။ "မင်းက ခွဲစိတ်ဖို့ အဆိုပြုခဲ့တယ်၊ ဒါကြောင့် ကျန်းက ချင်းမိသားစုကို ခွဲစိပ်မှု ပေးလုပ်မယ်၊ အရာရှိရှန်က ကူညီရုံပဲ ကူညီပေးလိုက်မယ်"

ဒီနှစ်တွေအတွင်း သူမ ဘာတွေတိုးတက်ခဲ့လဲဆိုတာကို သူလည်း သိချင်နေခဲ့တယ်။

  ရှန်ယုလန်က ကျွော့ချင်းကို စိုးရိမ်တကြီးနဲ့ တချက်လောက်ကြည့်လိုက်ပေမယ့် သူမက ဘာမှမထူးခြားတာကို မြင်လိုက်တာကြောင့် "အမိန့်တော်ကို နာခံပါတယ်" ဟုသာပြောလိုက်တော့သည်။

  ယန်းဟုန်ထျန်းနှင့် ကျွော့ချင်းက တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းပြိုင်နေတုန်း လို့ရှီးယန်၏ နူးညံ့သိမ်မွေ့သော အသံက အချိန်ကိုက် ထွက်ပေါ်လာသည်။ "အရှင်မင်းကြီး၊ သူ(မ) စိတ်လှုပ်ရှားနေမှာကို ကျွန်တော်မျိုး စိတ်ပူပါတယ်။ အတူတူ လာကြည့်ခွင့်ရမလားလို့ တွေးမိပါတယ် "

  ယန်းဟုန်ထျန်း၏ မျက်လုံးများတွင် မကျေမနပ် အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ စကားမပြောရသေးမီတွင် "အလောင်းခွဲစိတ်တယ်ဆိုတာက ဘာလိုလဲဆိုတာ ဒီလူက တစ်ခါမှ မမြင်ဖူးဘူး၊ ဒီလူလည်း ကြည့်ချင်တယ်၊ အဆင်ပြေရဲ့လား" ဟူသော စကားသံ ထွက်လာပြန်သည်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now