CH- 56

722 98 1
                                    

အခန်း ၅၆ အလည်အပတ်ရောက်လာခြင်း

  ပျင်းတယ်!

  သေလောက်အောင် ပျင်းစရာကောင်းနေတယ်!

  ကျွော့ချင်းက သူမကိုယ်သူမ တကယ်ကို တန်ဖိုးမရှိတဲ့ ငပျင်းတစ်ယောက်လို ခံစားနေရတယ်။

  အရင်က သူမ အလုပ်စဝင်တုန်းက သုံးရက်တာ အပန်းဖြေခရီးသွားရဖို့ အလုပ်ပတ်ရက်ကို စောင့်ဆိုင်းရတာက ကောင်းကင်ဘုံကို သွားရသလို ခက်ခဲလွန်းလှသည်။ သူမလက်ထဲမှာ အဆုံးမရှိသော အလုပ်ကိစ္စရပ်များ အမြဲရှိနေခဲ့သည်။ တစ်ခါတလေ အားလုံးကို ပစ်ထားပြီး အိမ်မှာ သုံးရက်လောက် အိပ်နေချင်ခဲ့ဖူးသည်။

အခုတော့ ကောင်းရော... သူမ အိပ်ချင်ရင်တောင် သေတဲ့ အထိအိပ်နေနိုင်သော်လည်း သူမခန္ဓာကိုယ်ကြီးက ပိုးကောင်သန်းပေါင်းများစွာ အကိုက်ခံရသလို မသက်မသာ ခံစားနေရသည်။

ခုနစ်ရက် . . . . . ခုနစ်ရက်ရှိပြီ...

သူမ နန်းတော်ကနေ ပြန်ရောက်တဲ့နေ့ကနေ အခုအချိန်အထိဆိုရင် ခုနစ်ရက်ရှိသွားပြီ။

  အဲ့ရက်တွေအတွင်း ဘာတစ်ခုမှ ထူးထူးခြားခြား မဖြစ်ခဲ့ဘူး၊ အတိအကျပြောရရင် ဖြစ်နေရင်တောင် သူမ မသိနိုင်ဘူး။

  ယန်းဟုန်ထျန်းက သူမကို ဒုက္ခမပေးခဲ့သလို လို့ရှီးယန်ကလည်း နေ့တိုင်း မနက်စောစောထွက်သွားပြီး နောက်ကျမှ ပြန်လာလေ့ရှိသည်။ သူမကတော့ အပြင်ထွက်တာကလွဲရင် ဝန်ကြီးချုပ်အိမ်တော်မှာ သူမ ကြိုက်တာ ဘာမဆို လုပ်နိုင်သည်။ ဒါပေမယ့် သူမ ဘာလုပ်နိုင်မှာလဲ??? ဤနေရာတွင် အလောင်းစစ်ဆေးခြင်းဆိုင်ရာ စာအုပ်များ မရှိသလို သူမကလည်း ကဗျာ သို့မဟုတ် သမိုင်းဆိုင်ရာ အတ္ထုပ္ပတ္တိများကို စိတ်မဝင်စားသောကြောင့် သူမ၏နေ့စဉ် အချိန်ဖြုန်းသောနည်းလမ်းမှာ သူမရှေ့မှ ရေကန်ကျယ်ကြီးကို ငေးမောကြည့်နေခြင်းပင် ဖြစ်နေတော့သည်။

"ဟေး၊ နင်က အိမ်ထဲမှာနေပြီး ဒီလိုပဲ စိတ်ကူးယဥ်နေလေ့ရှိတာလား" ကြည်လင်ပြီး ကျယ်ပြန့်တဲ့ရေပြင်က လူတွေကို ခံစားချက်ကောင်းကောင်းလေးတွေ ပေးနိုင်ပေမယ့် သူမရဲ့ လောကဆန်မှုကတော့ သာမာန်ပါပဲ။ ဘယ်လောက်ပဲ ရှုခင်းတွေလှနေပါစေ အဲဒါကို အချိန်အကြာကြီး ကြည့်ပြီးရင် ပင်ပန်းနေလိမ့်မယ်။

နာကြည်းမှုတွေ လွင့်ပျယ်စေ...Where stories live. Discover now